အဆစ်၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းကို ပြုစုခြင်း အပိုင်း (၁)
Joints and Muscles Injuries
ခန္ဓာကိုယ်ရှိ ကြွက်သားများကို ထိခိုက်ဒဏ်ရာရရှိသည့်အခါတွင်
၁) ကြွက်သားများ မျက်သွားခြင်း
၂) ကြွက်သားများ စုတ်ပြဲသွားခြင်းတို့ ဖြစ်စေနိုင်သည်။
ကြွက်သားများ အလွန်အကျွံဆွဲဆန့်ခြင်းအားဖြင့် ကြွက်သားများ မျက်သွားစေနိုင်သည်။ (ဥပမာ- အလွန်လေးလံသော အရာဝတ္ထုကို မခြင်း)
ကြွက်သားများ မျက်ခြင်းကြောင့် ထိခိုက်မိသည့် နေရာတွင် နာကျင်ခြင်း၊ ရောင်ယမ်းခြင်းနှင့် လှုပ်ရှားသည့် အခါတွင် ပိုမိုနာကျင်ခြင်းတို့ ဖြစ်စေသည်။
ကြွက်သားများကို ရုတ်တရက်နှင့် အပြင်းဆွဲဆန့်ခြင်းကြောင့် ကြွက်သားများ စုတ်ပြဲစေနိုင်သည်။ ကြွက်သားများ စုတ်ပြဲခြင်း၏ လက္ခဏာများမှာ - ရုတ်တရက် စူးရှစွာ နာကျင်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဒဏ်ရာရသည့် အစိတ်အပိုင်း ညိုမည်းခြင်း တို့ ဖြစ်သည်။
ပြုစုခြင်း
===
၁) လူနာကို သက်တောင့်သက်သာ အနေအထားတွင် ထားပါ။
၂) RICE နည်းစနစ်ဖြင့် ပြုစုပြီး ဆေးရုံသို့ ပို့ဆောင်ပါ။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment