ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၊ ၂၂ /၂၀၁၅
၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် (၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်)
ဒုတိယဝန်ကြီးပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ သမ္မတရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment