Monday, September 28, 2015

"ေဆးေလာကကို ေျပာင္းလဲမႈေတြလုပ္ႏိုင္မွာလား အိုင္အိုတီ"

"ေဆးေလာကကို ေျပာင္းလဲမႈေတြလုပ္ႏိုင္မွာလား အိုင္အိုတီ"
==
Internet of Things ကို အိုင္အိုတီလို႔ အတိုေကာက္ေခၚ ေဝၚလိုက္ၾကတယ္။ လူလူခ်င္း အျပန္အလွန္ ဆက္သြယ္ၾကတဲ့ စနစ္ ေတြကေန လူနဲ႔ ကြန္ပ်ဴတာအျပန္ အလွန္ ဆက္သြယ္တဲ့ စနစ္ေတြ ရွိလာခဲ့တယ္။ အိုင္အိုတီကေတာ့ ပစၥည္း ကိရိယာ အခ်င္းခ်င္း အျပန္အလွန္ ဆက္သြယ္ေဆာင္ရြက္ႏုိင္တဲ့ နည္းပညာ ျဖစ္တယ္။ Sensor မ်ား၊ ေဆာ့ဖ္ဝဲပ႐ိုဂရမ္မ်ားကို အီ လက္ထရြန္ပစၥည္း ကိရိယာေပၚတြင္ ထည့္သြင္းထားရွိၿပီး ကြန္ရက္ စနစ္နဲ႔ ခ်ိတ္ဆက္ထားကာ အခ်င္းခ်င္း အျပန္အလွန္ဆက္သြယ္ ေဆာင္ရြက္ႏိုင္တဲ့ ပစၥည္းကိရိယာမ်ားကို အိုင္အိုတီလို႔ သတ္မွတ္ ေခၚဆိုၾကတယ္။

၁၉၉၉ ခုႏွစ္တြင္ ၿဗိတိသွ်လူ မ်ဳိးစြန္႔ဦး တီထြင္လုပ္ကိုင္တဲ့ စီးပြားေရးသမားျဖစ္သူ Kevin Ashton က စတင္ၿပီး Internet of Things (IoTs) ဆိုတဲ့ ေဝါဟာရကို စတင္ သံုးစြဲခဲ့တယ္။ ဒါေပမဲ့ အုိင္အိုတီ နည္းပညာကို အေျခခံၿပီး ၁၉၈၀ ခုႏွစ္မွာ ကာေနဂ်ီမဲလြန္တကၠသိုလ္ အနီးမွာ ထားရွိ Coca Cola Machine ကို စတင္ အသံုးခ်ခဲ့တယ္။ သုေတသန ပညာရွင္မ်ားကေတာ့ ၂၀၂၀ ခုႏွစ္ေရာက္ရွိတဲ့ အခါ ကမ႓ာနဲ႔ အဝွမ္း အိုုင္အိုတီကိရိယာ ပစၥည္းေပါင္း ၅၀ ဘီလီယံ ေလာက္အထိ သံုးစြဲေနလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တယ္။ အိုင္အိုတီ နည္းပညာအေနနဲ႔ တစ္ေန႔ထက္ တစ္ေန႔ အရွိန္အဟုန္ ေကာင္းေကာင္းနဲ႔ တိုးတက္ျမင့္မားလာေနတာကို ျမင္ေတြ႕ေနရတဲ့အတြက္ ဒီလို ေဟာကိန္းထုတ္ခဲ့တာ ျဖစ္တယ္။

နည္းပညာပိုင္းဆုိင္ရာ ေအဂ်င္စီတစ္ခု ျဖစ္တဲ့ PHA Media ရဲ႕ Technology & Innovation ဌာနရဲ႕ ေခါင္းေဆာင္ျဖစ္သူ Nick Braund က အိုင္အိုတီအေနနဲ႔ သမား႐ိုးက် ဆရာဝန္နဲ႔ လူမမာ ဆက္သြယ္ ေဆာင္ရြက္မႈ လုပ္ငန္းစဥ္ေတြအစား ပါဝင္လာကာ ေဆးေလာကႀကီးကို အႀကီးအက်ယ္ ေျပာင္းလဲေစလိမ့္မယ္လို႔ မၾကာေသးခင္က တင္ျပေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္။ ေနာက္ ၅ ႏွစ္တာ ကာလအတြင္း bionic doctor project ကိုလည္း ၿပီးစီးေစဖို႔ ႀကိဳးစား ေဆာင္ရြက္ေနတယ္လို႔လည္း သိၾကရတယ္။ Dario Smart Glucose Meter တုိ႔၊ Tricella Liif Phillbox တို႔၊ Pancreum Genesis ဆိုတဲ့ Wearable Panereas တို႔နဲ႔ မ်က္မျမင္မ်ားအတြက္ Lechal Vibrating Navigational Shoes တို႔ အပါအဝင္ ေဆးဘက္ဆုိင္ရာ ပစၥည္းကိရိယာမ်ား ျပဳလုပ္ ဖန္တီးၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ထုတ္လုပ္ေရာင္းခ်ၾကမွာ ျဖစ္တယ္။

ေဆး႐ံုလုပ္ငန္းစဥ္အရ သူနာျပဳမ်ား အေနနဲ႔ လူမမာရဲ႕ အေျခအေနကို ေလ့လာ မွတ္တမ္းတင္ၾကရတယ္။ တခ်ဳိ႕ဆိုရင္ နာရီအပိုင္း အျခားအလိုက္ ေသြးေပါင္ခ်ိန္ တိုင္းထြာၿပီး မွတ္တမ္းတင္ၾကရတယ္။ သက္ဆုိင္ရာ လူမမာဆီကို သူနာပဳအေနနဲ႔ နာရီအပိုင္း အျခားအလိုက္ လာေရာက္ရတဲ့အတြက္ ကရိကထ မ်ားျပားသလို အခ်ိန္ေပး လုပ္ကိုင္ၾကရတာ ျဖစ္တယ္။ ဒီလိုေနရာမွာ Wearable ကိရိယာေလးေတြကို အသံုးခ်ၿပီး အိုင္အိုတီ နည္းပညာနဲ႔ လုပ္ကိုင္ႏုိင္တဲ့ အခြင့္အလမ္းေတြ ရွိလာခဲ့ပါၿပီ။

ကင္းဘရစ္တကၠသိုလ္က Flow Health Hub ဆိုတဲ့ အိမ္သံုး က်န္းမာေရး စစ္ေဆးမႈဆုိင္ရာ ကိရိယာေလးကို တီထြင္ေပးခဲ့တယ္။ လူ႔ခႏၶာကိုယ္အတြင္းက အရည္ သဘာဝျဖစ္တဲ့ ေသြး၊ သလိပ္၊ နဲ႔ ဆီး အေျခအေနမ်ားကို စမ္းသပ္ စစ္ေဆးေပးႏုိင္တယ္။ အိုင္အိုတီကိရိယာေလး အကူအညီနဲ႔ ဆရာဝန္က လူမမာရဲ႕ အေျခအေနကို အခ်ိန္နဲ႔ တစ္ေျပးညီ ေလ့လာ သိရွိခြင့္ ရေစတယ္။ အိပ္ရာေပၚမွာ ရွိေနတဲ့ လူမမာရဲ႕ အေျခအေနကို ကုသေပးေနတဲ့ ဆရာဝန္က အနီးကပ္ စစ္ေဆးေနတဲ့အတုိင္း ဂ႐ုစိုက္ခြင့္ရမွာ ျဖစ္တယ္။

ၿဗိတိန္ႏုိင္ငံ ကင္းဘရစ္တကၠသိုလ္မွပင္ First Response Monitor Clips ေလးတစ္ခုကို တီထြင္ ထုတ္လုပ္ခဲ့ပါေသးတယ္။ လူမမာရဲ႕ ႏွာေခါင္းမွာ ဒီ Clip ေလးကို ညႇပ္ထားၿပီး အသက္႐ွဴႏႈန္းနဲ႔ ႏွလံုးခုန္ႏႈန္းတို႔ကို ေလ့လာစစ္ေဆးႏုိင္တယ္။ စမတ္ဖုန္း ဒါမွမဟုတ္ တက္ဘလက္မွာ သက္ဆုိင္ရာ အသံုးခ် ပ႐ိုဂရမ္ေလးကို ထည့္သြင္းထားၿပီး ဆရာဝန္နဲ႔ ဆက္သြယ္ ေဆာင္ရြက္ဖို႔ စီစဥ္ထားတာ ျဖစ္တယ္။ ေဘးအႏၲရာယ္ေၾကာင့္ အေရးေပၚ အေျခအေနျဖစ္ေနတဲ့ လူမမာမ်ားနဲ႔ စစ္ေျမျပင္က လူမမာမ်ား အတြက္ အခ်ိန္ကုန္သက္သာစြာနဲ႔ အေဝးက ေလ့လာၿပီး ၫႊန္ၾကား ကုသႏုိင္ေစပါတယ္။ စမတ္ဖုန္းတို႔ တက္ဘလက္တို႔ကို Bluetooth စနစ္ကို အသံုးျပဳၿပီး ဆက္သြယ္ လုပ္ကိုင္ေပးတာ ျဖစ္တယ္။

ေနာက္ Wearable အမ်ဳိးအစား တစ္ခုကေတာ့ ေရဓာတ္သဘာဝကို တုိင္းထြာေပးႏုိင္တဲ့ ပစၥည္းနဲ႔ အဝလြန္ျခင္းကို ထိန္းသိမ္းေပးႏုိင္တဲ့ ပစၥည္းကိရိယာေလးေတြ ျဖစ္တယ္။ Bluetooth စနစ္နဲ႔ စမတ္ဖုန္းမ်ားဆီကို လူ႔ခႏၶာကိုယ္ေပၚက သတင္းအခ်က္အလက္မ်ားကို အလိုအေလ်ာက္ ေပးပို႔ေစတယ္။ Motech ရဲ႕ Tel care products မ်ားကလည္း အိုင္အိုတီ နည္းပညာနဲ႔အတူ လူနာရဲ႕ အေျခအေနအရပ္ရပ္ကို ဆရာဝန္ထံ သတင္းပို႔ႏုိင္တဲ့ အရည္အခ်င္း ရွိတယ္။ ခႏၶာကိုယ္အတြင္းျမႇဳပ္ႏွံရတဲ့ Pacemaker ကေနလည္း ႀကိဳးမဲ့စနစ္ အသံုးခ်ၿပီး ဆရာဝန္က စစ္တမ္းေကာက္ယူႏုိင္တယ္။

ေနာက္ပိုင္းတြင္ Bluetooth စနစ္ထက္ NFC (Near Field Communication) စနစ္ကို အသံုးျပဳၾကပါ လိမ့္မယ္။ Boster Scientifics က ထုတ္လုပ္တဲ့ Accolade Pacemaker က ဆရာဝန္ထံ သတင္းပို႔ရာတြင္ အလြန္တိက်ထိ ေရာက္စြာ လုပ္ကိုင္ေပးႏုိင္တယ္လို႔ သိရတယ္။

လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေက်ာ္က တီထြင္မႈ ေအာင္ျမင္ခဲ့တဲ့ Dario ကိရိယာကလည္း အခုအခါ ေနာက္ဆံုးထုတ္ စမတ္ဖုန္းမ်ား တြဲဖက္ၿပီး Glucose Meter အျဖစ္ ဥေရာပေစ်းကြက္ မွာ ေရာင္းခ်ေန ၿပီ ျဖစ္တယ္။ လာမယ့္ႏွစ္မွာ အေမရိကန္ေစ်းကြက္ အေရာက္ပို႔ မယ္လို႔ သိရတယ္။ ဒီတစ္ႀကိမ္ ထုတ္လုပ္ေရာင္းခ်တဲ့ Dario Smart Meter က ေတာ့ Compact all in one ပံုစံနဲ႔ ေတြ႕ ျမင္ၾကရမွာ ျဖစ္တယ္။ ဆီးခ်ဳိ ေရာဂါသည္မ်ား အတြက္ အလြန္အသံုးဝင္ေစမွာ ျဖစ္သလို ဆီးခ်ဳိေဝဒနာရွင္ရဲ႕ အေျခအေနကို ဆရာဝန္က တိုက္႐ိုက္ စစ္ေဆးလို႔ ရသြားေစတယ္။

ခြဲစိတ္လုပ္ငန္း အတြက္ Chimaera ရဲ႕ Surgical tool ေလး ကလည္း အိုင္အိုတီအမ်ဳိးအစားပင္ ျဖစ္တယ္။ ခြဲစိတ္ကုသစဥ္က ေသြးေၾကာနဲ႔ ေသြးအိတ္မ်ား အေျခအေန အရပ္ရပ္ကို ခြဲစိတ္စဥ္ကာလ အတြင္း ေလ့လာသတင္း ပို႔ေပးႏုိင္တာ ေတြ႕ရတယ္။ ဒါ့အ ျပင္ နာက်င္ ကိုက္ခဲမႈကို ကုသေပးႏုိင္တဲ့ ကိရိယာ တစ္ခုကိုလည္း အသံုးျပဳခြင့္ ရၾကတယ္။ ဒီေန႔အထိ က်န္းမာ ေရးနဲ႔ ေဆးကုသေရးဆုိင္ရာ အတြက္ အသံုးခ်ႏုိင္မယ့္ အိုင္အိုတီပစၥည္း အေျမာက္အျမား ေအာင္ျမင္စြာ ထုတ္လုပ္ႏုိင္ခဲ့ၿပီး ျဖစ္တယ္။ Sensors မ်ား၊ အသံုးခ် ေဆာ့ဖ္ဝဲ ပ႐ိုဂရမ္မ်ားနဲ႔အတူ ခႏၶာကိုယ္ ျပင္ပတြင္ တြယ္ကပ္ ခ်ိတ္ဆက္လို႔ ျဖစ္ျဖစ္၊ အဝတ္တန္ဆာလို ဝတ္ဆင္လို႔ ျဖစ္ျဖစ္ ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုအတြင္း ျမႇဳပ္ႏွံထားလို႔ ျဖစ္ျဖစ္ အလိုအေလ်ာက္ ကြန္ရက္နဲ႔ ခ်ိတ္ဆက္ကာ လူမမာမ်ားရဲ႕ လက္ရွိ အေျခအေန အရပ္ရပ္ကို မွတ္တမ္းတင္ သတင္းပို႔ေပး ႏုိင္တယ္။ မ်ားမၾကာမီကာလ အတြင္း Cloud Computing နဲ႔ ေပါင္းစပ္ၿပီး အိုင္အိုတီ ပစၥည္းမ်ားကို ေဆးနဲ႔က်န္းမာေရး ကိစၥမ်ား အတြက္ ခ်ဲ႕ထြင္ လုပ္ကိုင္ႏုိင္မယ့္ နည္းလမ္းမ်ားလည္း ရွာေဖြေနၾက ဆဲျဖစ္တယ္။

ေဆးေလာကနဲ႔ က်န္းမာေရး ကိစၥမ်ားအတြက္ နည္းဗ်ဴဟာအသစ္မ်ား ဖန္တီးရယူႏုိင္ေရးအတြက္ မၾကာေသးခင္က Qualcomm ကုမၸဏီက Capsule Tech ကုမၸဏီကို ဝယ္ယူလိုက္တယ္။ Android စနစ္သံုး စမတ္ဖုန္းမ်ားနဲ႔ အတူ အုိင္အိုတီပစၥည္း ကိရိယာသစ္မ်ား ထုတ္လုပ္သြားမွာ ျဖစ္ တယ္။ ၂၀၂၀ ခုႏွစ္မွာ အိုင္အိုတီ ကိရိယာ ပစၥည္းေပါင္း ဘီလီယံ ၅၀ ေလာက္ ရွိမယ္လို႔ ပညာရွင္မ်ားက ေဟာကိန္းထုတ္တဲ့ အခါမွာ ေဆးနဲ႔ က်န္းမာေရးအတြက္ အနည္းဆံုး ၅၀ ရာခိုင္ႏႈန္း ပါဝင္မွာ ျဖစ္ပါေၾကာင္း တစ္ေစ့တေစာင္း တင္ျပေပးလိုက္ရပါတယ္။

######

"ဆေးလောကကို ပြောင်းလဲမှုတွေလုပ်နိုင်မှာလား အိုင်အိုတီ"
==
Internet of Things ကို အိုင်အိုတီလို့ အတိုကောက်ခေါ် ဝေါ်လိုက်ကြတယ်။ လူလူချင်း အပြန်အလှန် ဆက်သွယ်ကြတဲ့ စနစ် တွေကနေ လူနဲ့ ကွန်ပျူတာအပြန် အလှန် ဆက်သွယ်တဲ့ စနစ်တွေ ရှိလာခဲ့တယ်။ အိုင်အိုတီကတော့ ပစ္စည်း ကိရိယာ အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ နည်းပညာ ဖြစ်တယ်။ Sensor များ၊ ဆော့ဖ်ဝဲပရိုဂရမ်များကို အီ လက်ထရွန်ပစ္စည်း ကိရိယာပေါ်တွင် ထည့်သွင်းထားရှိပြီး ကွန်ရက် စနစ်နဲ့ ချိတ်ဆက်ထားကာ အချင်းချင်း အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်တဲ့ ပစ္စည်းကိရိယာများကို အိုင်အိုတီလို့ သတ်မှတ် ခေါ်ဆိုကြတယ်။

၁၉၉၉ ခုနှစ်တွင် ဗြိတိသျှလူ မျိုးစွန့်ဦး တီထွင်လုပ်ကိုင်တဲ့ စီးပွားရေးသမားဖြစ်သူ Kevin Ashton က စတင်ပြီး Internet of Things (IoTs) ဆိုတဲ့ ဝေါဟာရကို စတင် သုံးစွဲခဲ့တယ်။ ဒါပေမဲ့ အိုင်အိုတီ နည်းပညာကို အခြေခံပြီး ၁၉၈၀ ခုနှစ်မှာ ကာနေဂျီမဲလွန်တက္ကသိုလ် အနီးမှာ ထားရှိ Coca Cola Machine ကို စတင် အသုံးချခဲ့တယ်။ သုတေသန ပညာရှင်များကတော့ ၂၀၂၀ ခုနှစ်ရောက်ရှိတဲ့ အခါ ကမ႓ာနဲ့ အဝှမ်း အိုုင်အိုတီကိရိယာ ပစ္စည်းပေါင်း ၅၀ ဘီလီယံ လောက်အထိ သုံးစွဲနေလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ အိုင်အိုတီ နည်းပညာအနေနဲ့ တစ်နေ့ထက် တစ်နေ့ အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးတက်မြင့်မားလာနေတာကို မြင်တွေ့နေရတဲ့အတွက် ဒီလို ဟောကိန်းထုတ်ခဲ့တာ ဖြစ်တယ်။

နည်းပညာပိုင်းဆိုင်ရာ အေဂျင်စီတစ်ခု ဖြစ်တဲ့ PHA Media ရဲ့ Technology & Innovation ဌာနရဲ့ ခေါင်းဆောင်ဖြစ်သူ Nick Braund က အိုင်အိုတီအနေနဲ့ သမားရိုးကျ ဆရာဝန်နဲ့ လူမမာ ဆက်သွယ် ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေအစား ပါဝင်လာကာ ဆေးလောကကြီးကို အကြီးအကျယ် ပြောင်းလဲစေလိမ့်မယ်လို့ မကြာသေးခင်က တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်။ နောက် ၅ နှစ်တာ ကာလအတွင်း bionic doctor project ကိုလည်း ပြီးစီးစေဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း သိကြရတယ်။ Dario Smart Glucose Meter တို့၊ Tricella Liif Phillbox တို့၊ Pancreum Genesis ဆိုတဲ့ Wearable Panereas တို့နဲ့ မျက်မမြင်များအတွက် Lechal Vibrating Navigational Shoes တို့ အပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပြုလုပ် ဖန်တီးပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချကြမှာ ဖြစ်တယ်။

ဆေးရုံလုပ်ငန်းစဉ်အရ သူနာပြုများ အနေနဲ့ လူမမာရဲ့ အခြေအနေကို လေ့လာ မှတ်တမ်းတင်ကြရတယ်။ တချို့ဆိုရင် နာရီအပိုင်း အခြားအလိုက် သွေးပေါင်ချိန် တိုင်းထွာပြီး မှတ်တမ်းတင်ကြရတယ်။ သက်ဆိုင်ရာ လူမမာဆီကို သူနာပုအနေနဲ့ နာရီအပိုင်း အခြားအလိုက် လာရောက်ရတဲ့အတွက် ကရိကထ များပြားသလို အချိန်ပေး လုပ်ကိုင်ကြရတာ ဖြစ်တယ်။ ဒီလိုနေရာမှာ Wearable ကိရိယာလေးတွေကို အသုံးချပြီး အိုင်အိုတီ နည်းပညာနဲ့ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာခဲ့ပါပြီ။

ကင်းဘရစ်တက္ကသိုလ်က Flow Health Hub ဆိုတဲ့ အိမ်သုံး ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ ကိရိယာလေးကို တီထွင်ပေးခဲ့တယ်။ လူ့ခန္ဓာကိုယ်အတွင်းက အရည် သဘာဝဖြစ်တဲ့ သွေး၊ သလိပ်၊ နဲ့ ဆီး အခြေအနေများကို စမ်းသပ် စစ်ဆေးပေးနိုင်တယ်။ အိုင်အိုတီကိရိယာလေး အကူအညီနဲ့ ဆရာဝန်က လူမမာရဲ့ အခြေအနေကို အချိန်နဲ့ တစ်ပြေးညီ လေ့လာ သိရှိခွင့် ရစေတယ်။ အိပ်ရာပေါ်မှာ ရှိနေတဲ့ လူမမာရဲ့ အခြေအနေကို ကုသပေးနေတဲ့ ဆရာဝန်က အနီးကပ် စစ်ဆေးနေတဲ့အတိုင်း ဂရုစိုက်ခွင့်ရမှာ ဖြစ်တယ်။

ဗြိတိန်နိုင်ငံ ကင်းဘရစ်တက္ကသိုလ်မှပင် First Response Monitor Clips လေးတစ်ခုကို တီထွင် ထုတ်လုပ်ခဲ့ပါသေးတယ်။ လူမမာရဲ့ နှာခေါင်းမှာ ဒီ Clip လေးကို ညှပ်ထားပြီး အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတို့ကို လေ့လာစစ်ဆေးနိုင်တယ်။ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်မှာ သက်ဆိုင်ရာ အသုံးချ ပရိုဂရမ်လေးကို ထည့်သွင်းထားပြီး ဆရာဝန်နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ စီစဉ်ထားတာ ဖြစ်တယ်။ ဘေးအန္တရာယ်ကြောင့် အရေးပေါ် အခြေအနေဖြစ်နေတဲ့ လူမမာများနဲ့ စစ်မြေပြင်က လူမမာများ အတွက် အချိန်ကုန်သက်သာစွာနဲ့ အဝေးက လေ့လာပြီး ညွှန်ကြား ကုသနိုင်စေပါတယ်။ စမတ်ဖုန်းတို့ တက်ဘလက်တို့ကို Bluetooth စနစ်ကို အသုံးပြုပြီး ဆက်သွယ် လုပ်ကိုင်ပေးတာ ဖြစ်တယ်။

နောက် Wearable အမျိုးအစား တစ်ခုကတော့ ရေဓာတ်သဘာဝကို တိုင်းထွာပေးနိုင်တဲ့ ပစ္စည်းနဲ့ အဝလွန်ခြင်းကို ထိန်းသိမ်းပေးနိုင်တဲ့ ပစ္စည်းကိရိယာလေးတွေ ဖြစ်တယ်။ Bluetooth စနစ်နဲ့ စမတ်ဖုန်းများဆီကို လူ့ခန္ဓာကိုယ်ပေါ်က သတင်းအချက်အလက်များကို အလိုအလျောက် ပေးပို့စေတယ်။ Motech ရဲ့ Tel care products များကလည်း အိုင်အိုတီ နည်းပညာနဲ့အတူ လူနာရဲ့ အခြေအနေအရပ်ရပ်ကို ဆရာဝန်ထံ သတင်းပို့နိုင်တဲ့ အရည်အချင်း ရှိတယ်။ ခန္ဓာကိုယ်အတွင်းမြှုပ်နှံရတဲ့ Pacemaker ကနေလည်း ကြိုးမဲ့စနစ် အသုံးချပြီး ဆရာဝန်က စစ်တမ်းကောက်ယူနိုင်တယ်။

နောက်ပိုင်းတွင် Bluetooth စနစ်ထက် NFC (Near Field Communication) စနစ်ကို အသုံးပြုကြပါ လိမ့်မယ်။ Boster Scientifics က ထုတ်လုပ်တဲ့ Accolade Pacemaker က ဆရာဝန်ထံ သတင်းပို့ရာတွင် အလွန်တိကျထိ ရောက်စွာ လုပ်ကိုင်ပေးနိုင်တယ်လို့ သိရတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က တီထွင်မှု အောင်မြင်ခဲ့တဲ့ Dario ကိရိယာကလည်း အခုအခါ နောက်ဆုံးထုတ် စမတ်ဖုန်းများ တွဲဖက်ပြီး Glucose Meter အဖြစ် ဥရောပစျေးကွက် မှာ ရောင်းချနေ ပြီ ဖြစ်တယ်။ လာမယ့်နှစ်မှာ အမေရိကန်စျေးကွက် အရောက်ပို့ မယ်လို့ သိရတယ်။ ဒီတစ်ကြိမ် ထုတ်လုပ်ရောင်းချတဲ့ Dario Smart Meter က တော့ Compact all in one ပုံစံနဲ့ တွေ့ မြင်ကြရမှာ ဖြစ်တယ်။ ဆီးချို ရောဂါသည်များ အတွက် အလွန်အသုံးဝင်စေမှာ ဖြစ်သလို ဆီးချိုဝေဒနာရှင်ရဲ့ အခြေအနေကို ဆရာဝန်က တိုက်ရိုက် စစ်ဆေးလို့ ရသွားစေတယ်။

ခွဲစိတ်လုပ်ငန်း အတွက် Chimaera ရဲ့ Surgical tool လေး ကလည်း အိုင်အိုတီအမျိုးအစားပင် ဖြစ်တယ်။ ခွဲစိတ်ကုသစဉ်က သွေးကြောနဲ့ သွေးအိတ်များ အခြေအနေ အရပ်ရပ်ကို ခွဲစိတ်စဉ်ကာလ အတွင်း လေ့လာသတင်း ပို့ပေးနိုင်တာ တွေ့ရတယ်။ ဒါ့အ ပြင် နာကျင် ကိုက်ခဲမှုကို ကုသပေးနိုင်တဲ့ ကိရိယာ တစ်ခုကိုလည်း အသုံးပြုခွင့် ရကြတယ်။ ဒီနေ့အထိ ကျန်းမာ ရေးနဲ့ ဆေးကုသရေးဆိုင်ရာ အတွက် အသုံးချနိုင်မယ့် အိုင်အိုတီပစ္စည်း အမြောက်အမြား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်တယ်။ Sensors များ၊ အသုံးချ ဆော့ဖ်ဝဲ ပရိုဂရမ်များနဲ့အတူ ခန္ဓာကိုယ် ပြင်ပတွင် တွယ်ကပ် ချိတ်ဆက်လို့ ဖြစ်ဖြစ်၊ အဝတ်တန်ဆာလို ဝတ်ဆင်လို့ ဖြစ်ဖြစ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအတွင်း မြှုပ်နှံထားလို့ ဖြစ်ဖြစ် အလိုအလျောက် ကွန်ရက်နဲ့ ချိတ်ဆက်ကာ လူမမာများရဲ့ လက်ရှိ အခြေအနေ အရပ်ရပ်ကို မှတ်တမ်းတင် သတင်းပို့ပေး နိုင်တယ်။ များမကြာမီကာလ အတွင်း Cloud Computing နဲ့ ပေါင်းစပ်ပြီး အိုင်အိုတီ ပစ္စည်းများကို ဆေးနဲ့ကျန်းမာရေး ကိစ္စများ အတွက် ချဲ့ထွင် လုပ်ကိုင်နိုင်မယ့် နည်းလမ်းများလည်း ရှာဖွေနေကြ ဆဲဖြစ်တယ်။

ဆေးလောကနဲ့ ကျန်းမာရေး ကိစ္စများအတွက် နည်းဗျူဟာအသစ်များ ဖန်တီးရယူနိုင်ရေးအတွက် မကြာသေးခင်က Qualcomm ကုမ္ပဏီက Capsule Tech ကုမ္ပဏီကို ဝယ်ယူလိုက်တယ်။ Android စနစ်သုံး စမတ်ဖုန်းများနဲ့ အတူ အိုင်အိုတီပစ္စည်း ကိရိယာသစ်များ ထုတ်လုပ်သွားမှာ ဖြစ် တယ်။ ၂၀၂၀ ခုနှစ်မှာ အိုင်အိုတီ ကိရိယာ ပစ္စည်းပေါင်း ဘီလီယံ ၅၀ လောက် ရှိမယ်လို့ ပညာရှင်များက ဟောကိန်းထုတ်တဲ့ အခါမှာ ဆေးနဲ့ ကျန်းမာရေးအတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်မှာ ဖြစ်ပါကြောင်း တစ်စေ့တစောင်း တင်ပြပေးလိုက်ရပါတယ်။

http://internetjournal.media/article/4249



$$$မိုးညွင္းသတင္း apk မွေျကာ္ျငာရွင္မ်ားဖိတ္ေခၚျခင္း$$$$ မိမိတို႔၏လုပ္ငန္းမ်ားကိုအခ်ိန္တိုအ တြင္းမွာလူသိမ်ားလာေအာင္ မိုးညွင္းသတင္း apk မွေဆာင္ရြက္ေပးပါမည္ $$ေျကာ္ျငာခႏႈံးထားမ်ား$$ တစ္ရက္ ႏွစ္ျကိမ္တင္ ၁၀၀၀ က်ပ္ သတင္းapk ရဲ႕ထိပ္မွာ ၁၂ နာရီျကာတင္ထားမယ္ဆိုရင္ တစ္ရက္ ၂၀၀၀ က်ပ္ ေပးပို႔ရန္ ေျကာ္ျငာမည့္စာသား ဓါတ္ပုံ ၃ ပုံထိလက္ခံပါသည္ ေငြေပးေခ်ရန္Telenor Ooredoo ေငြျဖည့္ကက္ပို႔ေပးရပါမည္

No comments: