Tuesday, September 29, 2015

အရောင်အသွေးထက် တကယ်အလုပ်လုပ်မယ့်သူကို ရွေးချယ်မဲပေးပါ - ဝေဠုကျော်

အရောင်အသွေးထက် တကယ်အလုပ်လုပ်မယ့်သူကို ရွေးချယ်မဲပေးပါ
- ဝေဠုကျော်
-----------------------------------------------------------------------------

Q. ကိုဝေဠုကျော် ရေဘေးအ လှူနဲ့ပတ်သက်ပြီးတက်လာတဲ့ Movie file အပိုင်းအစလေးပေါ် မှာ ဝေဖန်သံတွေအများကြီးထွက်ခဲ့ တာနဲ့ပတ်သက်ပြီး ဘာများပြောချင် ပါလဲ...

A. No ပါ။ ကျွန်တော့် Movie file တက်လာတာက အပိုင်းအစလေးတစ်ခုပါ။ အဲဒီ Movie file အပြည့်အစုံ အစအဆုံး က ကျွန်တော့်ကို Documentary လိုက်ရိုက်နေတဲ့ DVB ဖြိုးဝေ သိန်းဆီမှာရှိပါတယ်။ သူကတော့ အဲဒီကိစ္စကို ရှင်းပါရစေလို့ ခွင့်တောင်းပါတယ်။ ကျွန်တော်က မရှင်းပါနဲ့လို့ပြောပါတယ်။ ကျွန်တော် ပြောပြီးသားပါ။ ကျွန်တော်ကမ္ဘောဇဘဏ်မှာလုပ်တဲ့ သတင်းစာရှင်း လင်းပွဲတစ်ခုမှာပြောထားပြီးသားပါ။ ကျွန်တော်သည် ပြည်သူတွေအတွက် လိုအပ်ချက်တစ်ခုရှိလာပြီဆိုရင် မည်သို့သော်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ မည်သို့သောအစိုးရကိုပဲဖြစ်ဖြစ် ကျွန်တော် ခံတိုက်ဖို့ဝန်မလေးပါဘူး။ အဲဒီအတွက် မနိုင်ရင် ကျွန်တော် ခြေသလုံးကိုဖက်ကိုက်မယ်။ ဒါပေမဲ့ တစ် ခုတော့ရှိတယ်။ ဒုက္ခသည်တွေ ဒုက္ခရောက်နေတဲ့ ရဟန်းရှင်လူပြည် သူတွေအတွက်ဆိုရင် ဘယ်လိုလူမျိုး ကိုမဆို ဒူးထောက်ဖို့ဝန်မလေးဘူး လို့ ကျွန်တော်ပြောပြီးသားပါ။ ကျွန် တော့်ကို လူတွေက ဘယ်လိုလူမျိုး ပါလို့ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။

Q. လူမှုရေးလုပ်ငန်းတွေလုပ် ဖြစ်ဖို့ ဘာတွေက တွန်းအားပေးခဲ့ ပါလဲ...

A. ကျွန်တော် သရုပ်ဆောင်မ ဖြစ်ခင် ငယ်ငယ်ကတည်းက ကျောင်းကြက်ခြေနီပါ။ ဒီပရဟိတ စိတ်သန္ဓေတည်ခဲ့တာကျောင်းကြက် ခြေနီဘ၀ လူသားတွေရဲ့ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရမယ်ဆိုတဲ့အ ခြေခံမူနဲ့တူတူ ရင်ထဲမှာကိန်းအောင်း လာခဲ့တာပါ။ ဒါကို နာရေးကူညီမှု အသင်းကိုကျော်သူကနေ ထပ်ပြီး ဒီစိတ်ကိုမွေးဖွားပေးခဲ့တယ်။ ခုမှ ကျွန်တော့်ဖောင်ဒေးရှင်းလေးက ရပ်တည်လာနိုင်တဲ့ကလေးငယ်ဘ၀ပဲရှိ ပါသေးတယ်။ ကျွန်တော် သန္ဓေ တည်မွေးဖွားခဲ့ပြီးပြီ။ ခုရပ်တည်ခွင့် အတွက် ဒီထက်အများကြီး ကျွန်တော်ကြိုးစားပြီးလုပ်ရပါဦးမယ်။

Q. ဝေဠုကျော်ဖောင်ဒေးရှင်း အတွက် ရေရှည်တည်တံ့ဖို့အတွက် ဘာတွေဆက်လက်လုပ်ဆောင်မ လဲသိချင်ပါတယ်...

A. ဟုတ်ကဲ့။ ကျွန်တော် ဝေဠုကျော်ကုမ္ပဏီလီမိတက်ကနေ Product တွေအများကြီးထုတ်ဖို့ရှိ ပါတယ်။ အဲဒီကရတဲ့ အမြတ်အခွန် ကို ကျွန်တော်ဝေဠုကျော်ဖောင်ဒေးရှင်း ဆက်လက်ရပ်တည်ရှင်သန်ဖို့ ကြိုးစားပါမယ်။ ကမ္ဘာမှာရှိတဲ့ ဖောင် ဒေးရှင်းတော်တော်များများကလည်း နောက်ခံ ကုမ္ပဏီတွေရှိမှပဲ ဆက် လည်ပတ်လို့ရပါတယ်။ ကျွန်တော့် ဝေဠုကျော်ဖောင်ဒေးရှင်းအတွက်လည်း ကျွန်တော်အလုပ်တွေလုပ်ရ ပါမယ်။

Q. အနုပညာအလုပ်တွေရော ဆက်လုပ်ဖို့ရှိပါသလား...

A. လုပ်မှာပါ။ ကျွန်တော်အနု ပညာအလုပ်ကို လုပ်နိုင်တဲ့အချိန်ထိ လုပ်ခွင့်ရတဲ့အချိန်ထိ လုပ်သွားမှာ ပါ။

Q. ကိုဝေဠုကျော်လက်ခံထား တဲ့ နိုင်ငံရေးဆိုတာက...

A. ကျွန်တော်တို့နိုင်ငံမှာ မည် သည့်ပါတီ မည်သူပဲသမ္မတဖြစ်ဖြစ် ကျွန်တော်တို့ပရဟိတသမားတွေက ပရဟိတအလုပ်ပဲဆက်လုပ်မှာပါ။ အဲဒီတော့ အဲဒီပရဟိတကိုအားပေး သော အစိုးရဖြစ်စေချင်တယ်။ ပြည် သူလူထုကို တကယ်ကြည့်သော ပြည်သူတွေရဲ့အခက်အခဲကို တ ကယ်ဖြေရှင်းပေးသော အစိုးရဖြစ် စေချင်တယ်။

Q. ပရဟိတအလုပ်နဲ့ပတ်သက် ပြီး လူတွေချီးမွမ်းကြသလို မိန်းက လေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်တာ မျိုးလည်းရှိတဲ့အပေါ်မှာရော ဘာ များပြောချင်ပါလဲ...

A. No ပါ။ လူတိုင်းမှာ သမိုင်း ကောင်းတာနဲ့ဆိုးတာရှိပါတယ်။ ကျွန်တော့်မှာလည်း သမိုင်းကောင်း တာရောဆိုးတာရော နှစ်ခုရှိပါ တယ်။ ဒါပေမဲ့ လူတိုင်းမှာ အမှား တွေရှိနေနိုင်တယ်။ အဲဒီအမှားတွေ ကို ပြင်ဆင်နိုင်သွားသောသူကို ကျွန်တော်ချီးကျူးပါတယ်။ ကျွန် တော်လည်းပြင်ဆင်ဖို့ကြိုးစားနေပါ တယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ် ကိုယ် ခုထိမှန်တယ်လို့ မယူဆပါ ဘူး။ ကျွန်တော့်အမှားတွေကို ကျွန်တော်အမြဲပြင်ဆင်ပြီး ပိုကြိုးစား ပါတယ်။ ကျွန်တော်ပြည်သူတစ်ရပ် လုံးကိုလည်း တာဝန်မယူနိုင်သလို မိန်းမတစ်ယောက်ကိုလည်း တာဝန် မယူနိုင်လို့ ခုထိအိမ်ထောင်မပြုသေး တာပါ။ ကျွန်တော်နိုင်သလောက်ပဲ လုပ်မှာပါ။ လူတိုင်း ကျွန်တော့်ကို ဝေဖန်ခွင့်၊ ဆုံးမခွင့်ရှိပါတယ်၊ ဆဲခွင့် ရှိပါတယ်။ ဒါက သူတို့အလုပ်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်အ လုပ်ကျွန်တော်လုပ်ပါမယ်။ အဲဒီအ တွက် အမှားတွေလည်း ရှိကောင်းရှိ ပါမယ်။ ဒါပေမဲ့ အဲဒီအမှားတွေကို ပြင်ဆင်ပြီးလျှောက်ပါမယ်ဆိုတဲ့ ကတိတစ်ခုတော့ ကျွန်တော်ပေးပါ တယ်။

Q. အွန်လိုင်းမမိတဲ့နေရာကို ရောက်နေပေမယ့် အွန်လိုင်းပေါ်မှာ ပရဟိတသမားတစ်ယောက်နဲ့တွဲ ရိုက်ထားတဲ့ပုံလေးပေါ်မှာ ပေးနေ တဲ့မှတ်ချက်တွေပေါ်မှာရော ဘာ ပြောချင်ပါသလဲ...

A. ကျွန်တော်တို့ တကယ်ပရ ဟိတအလုပ်တွေလုပ်ခဲ့တာပါ။ တ ကယ်လေးစားထိုက်တဲ့ညီမတစ် ယောက်ပါ။ ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်တွေတန်းစီတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းကစပြီး ကိုကျော်သူ ပါသလို ခင်နှင်းကြည်သာပါပါ တယ်။ သူတင်မကပါဘူး။ အခြား သောအသင်းအဖွဲ့တွေမှာ တစ်ဦး တစ်ယောက်တည်းလုပ်နေသူတွေ ပရဟိကို နည်းနည်းပဲဖြစ်ဖြစ်၊ များ များပဲဖြစ်ဖြစ် လုပ်ဖြစ်ဖို့ အရေးကြီးပါ တယ်။ လုပ်လိုက်ကြပါ။ အဲဒီလိုလူ တွေအားလုံးကို ကျွန်တော်လေးစား ပါတယ်။

Q. ကျွန်တော်မေးတာတွေအ ပြင် ကိုဝေဠုကျော်အနေနဲ့ ပရိသတ် ကို ပြောချင်တာဘာတွေရှိဦးမ လဲ...

A. ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ပြည်သူတွေအားလုံး မကြာခင်ရွေး ကောက်ပွဲကြီးမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့အတွက် ရွေးချယ်ပြီးမဲ ပေးရတော့မယ်။ အရောင်အသွေး တွေထက် ကိုယ့်မြို့နယ်၊ ကိုယ့်ရပ် ကွက်၊ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ် အတွက် တကယ်ကိုယ်စားပြုအလုပ် လုပ်ပေးနိုင်သူကိုသာ ရွေးချယ်မဲပေး ကြပါ။ အရွေးမှန်ရင်နောင်ငါးနှစ် ကောင်းမယ်။ အရွေးမမှန်ရင် နောင် ငါးနှစ်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်ရမှာမဟုတ်ဘူး။ အားလုံးက ပြားပြားဝပ်နေရမယ့်ဘ၀မျိုးပဲရှိနေ မှာပါ။

Olive/8days



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: