တပ်မတော်အပေါ် နားလည်မှုရှိတဲ့သူ ...
တပ်မတော် အပေါ် နားလည်မှု ရှိတဲ့  ပါတီဆိုတာ ...
ဘယ်လိုမျိုးလဲ ?
ဟုတ်ကဲ့  ....
စစ်ခွေးတွေ စစ်ခွေးတွေလို့  ....
ကျွန်တော်တို့ ကို သိမ်းကျုံးစော်ကားတဲ့ သူတွေ ...
စု မနေတဲ့ ပါတီမျိုး ....
ဒါမျိုး မပြောသင့်ပါဘူးလို့  သွားမေတ္တာရပ်ခံရင် ...
ကျုပ်တို့ က အောက်ခြေစစ်သားတွေ ချစ်တယ် ...
အရာရှိတွေကို မုန်းတာဆိုပြီး ...
အရာရှိ နဲ့  အခြားအဆင့် သွေးခွဲဖို့  ကြိုးစားတဲ့ သူတွေ ...
စု မနေတဲ့  ပါတီမျိုး ...
အရှေ့ မြောက်မှာ ...
ကျွန်တော်တို့ သေကြ ကြေကြ ဒဏ်ရာရတော့ ...
အသံတစ်ချက်မှ မထွက် ၊ ရေငုံနူတ်ပိတ်သူတွေ ...
စု မနေတဲ့  ပါတီမျိုး ....
ကျွန်တော်တို့ နဲ့ စစ်တိုက်နေရတဲ့ သူတွေ ...
ကျဆုံး ဒဏ်ရာရတော့ ...
ချက်ချင်းပဲ မျက်ကလူးဆန်ပြာ ...
လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းရပါတယ် လို့  ....
ရက်ရက်စက်စက် ကြေငြာချက်ထုတ်တဲ့ သူတွေ ...
စု မနေတဲ့  ပါတီမျိုး ....
သမ္မတ အစ အနုပညာသည်တွေ အဆုံး...
သူဌေးက အစ ဆင်းရဲသားအဆုံး ...
အယုတ်အလတ် အမြတ်မရွေး ...
အရှေ့ မြောက် ဒေသက ...
အတန်းလိုက် ရာနဲ့  ချီတဲ့  အုတ်ဂူဖြူဖြူတွေကို ...
လေးလေးစားစား သွားဦးညွှတ်ကြချိန်မှာ ....
အချိန်ကိုက်ပြီး ....
ဒုတိယကမ္ဘာစစ်က မဟာမိတ်စစ်င်္သချိုင်းကို ...
မျက်နှာပြောင်တိုက် ပန်းစည်းချတဲ့ သူတွေ ...
စု မနေတဲ့  ပါတီမျိုး ....
တိုက်ပွဲဝင် စစ်သည်တွေကို အားပေးတဲ့ အနေနဲ့  ...
နေ၀န်းနီ ပရိုဖိုင်တွေ ၀ိုင်းချိန်းတော့ ...
ကြက်ဥကြော်တွေ ကြက်ဥကြော်တွေလို့  ...
ဝိုင်းဝန်း လှောင်ပြောင်တဲ့ သူတွေ ...
စု မနေတဲ့ ပါတီမျိုး ...
မြေအနေအထား နဲ့ ပြည်ပ ပံ့ ပိုးမှု ...
နယ်စပ်မျဉ်းပေါ် အသေအကြေတိုက်နေရတဲ့ စစ် မှာ ...
ပေ၇၀၀၀ကျော်မြင့်တဲ့  တောင်တွေကို ....
၇၀ ဒီဂရီ လှန်တက်ပြီး တိုက်ရတာကို မမြင် ...
မင်းတို့ စစ်တပ် ... မင်းတို့ စစ်တပ် ...
လူလေး ထောင်ဂဏန်းကို လနဲ့ ချီတိုက်ရတဲ့  ....
သောက်သုံးမကျတဲ့  စစ်တပ် လို့  ...
သရော်ကြ ဆော်ကြ ...
ဝိုင်းပြီး ပျက်ရယ်ပြုကြ လုပ်တဲ့ သူတွေ ....
စု မနေတဲ့  ပါတီမျိုး ...
မနက်မိုးလင်းတိုင်း လင်းတိုင်း ...
ကျွန်တော်တို့ တက်ခဲ့တဲ့  အမိတက္ကသိုလ်တွေကို ...
နှစ်ပြားမတန်အောင် ချိုးချိုးဖဲ့ ဖဲ့  ....
စော်ကားမော်ကားပြောနေကြသူတွေ ....
စု မနေတဲ့  ပါတီမျိုး ....
နောက်ဆုံးကုန်ကုန်ပြောရရင် ...
ပါတီက လုပ်တဲ့ အခမ်းအနားတွေမှာ ...
တပ်မတော် အပုတ်ချ ...
စော်ကားမော်ကားလုပ်တဲ့  ပြဇာတ်မျိုးတွေကို ....
စင်မြင့်ပေါ်တက်ပြ ...
ပြည်သူနဲ့  တပ်ကို သွေးခွဲဖို့ ကြိုးစားကြသူတွေ ...
စု မနေတဲ့ ပါတီမျိုး ...
ဒီလို ပါတီမျိုးတွေ ...
ဒီလိုလူမျိုးတွေ ....
စု မနေတဲ့  ....
တပ်မတော်အပေါ် စာနာ နားလည်မှု ရှိတဲ့  ....
တပ်မတော် နဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မယ့် ...
လူတွေ ပါတီတွေကို ရည်ညွှန်းတာ ဖြစ်တယ် ...
တပ်စုမှူး တပ်ခွဲမှူး တပ်ရင်းမှူးတွေဟာ ...
ပြီးခဲ့တဲ့  ငါးနှစ်အတွင်း ...
တပ်မတော် အပေါ် ...
ဘယ်သူတွေ ဘယ်လိုပြောခဲ့ကြတယ် ...
ဘယ်ပါတီက ဘယ်သူတွေ ....
ဘယ်လို ဘက်လိုက်ခဲ့ကြတယ် ဆိုတာ ...
တပ်ခွဲလိုက် တပ်စုလိုက် တပ်စိတ်လိုက် ...
ကျကျနန ရှင်းပြဖို့ လိုတယ် ...
စစ်သည်တွေ အနေနဲ့ လဲ ....
သူတို့ ရဲ့ မိသားစုတွေကို ...
သေသေချာချာ ပြန်ရှင်းပြကြပါစေ ....
ဘယ်ပါတီကိုမှ မဟုတ်တန်းတရား ...
လုပ်ကြံ အပုတ်ချခြင်းမဟုတ် ...
ဘူးသီးကြီးမှ အရီးတော်ချင်လို့ မရ ...
သူတို့ စိုက်ခဲ့တဲ့  မျိုးစေ့  ...
သူတို့ ပြန်ရိတ်သိမ်းကြပါစေ .... ။ ။
( ရဲမိုး )
Ye Moe Photos
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment