Tuesday, September 29, 2015

ပန်ဝါဒေသမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ပြုတယ်လို့ ဦးစခုန်တိန့်ယိန်း သဘောတူ -------------------------------------

ပန်ဝါဒေသမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ပြုတယ်လို့ ဦးစခုန်တိန့်ယိန်း သဘောတူ
-------------------------------------

ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါဒေသအတွင်း နိုင်ငံရေး ပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး ခွင့်ပြုဖို့ ဦးစခုန်တိန့်ယိန်းက သဘောတူ လက်ခံလိုက်တယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောပါတယ်။

ပန်ဝါဒေသမှာ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးတာမျိုး မပြုလုပ်ဖို့ ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က တားမြစ်တာဟာ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မညီတာကြောင့် ဒီနေ့ (စက်တင်ဘာလ ၂၉) မှာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူညှိနှိုင်းခဲ့လို့ အဲ့ဒီလို လက်ခံခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကိုယ်စားလှယ်လောင်း တွေကို တားမြစ်တာက ဥပဒေနဲ့ မညီဘူးဆိုတာကို ရှင်းပြပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ ညှိနှိုင်းမှုကို လက်ခံပါတယ်။ သဘောတူပါတယ်လို့ ပြောသွားပါတယ်” လို့ သူက ပြောပါတယ်။

အဲ့ဒီလို ကော်မရှင်ရဲ့ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေကို လက်ခံ သဘောတူတယ်လို့ ပြောဆိုခဲ့ပေမယ့် အမှန်တကယ် ခွင့်ပြုခြင်း ရှိ မရှိကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောပါတယ်။

“ဒါက ဥပဒေနဲ့ ညီသလား မညီဘူးလားဆိုတာ သိသင့်ပါတယ် သူကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို အခုရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မှာပဲလေ” လို့ သူက ဆိုပါတယ်။

အဲ့ဒီ မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ တားမြစ် ထုတ်ပြန်ချက်မှာ ပန်ဝါဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပြည့်အဝ ရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုံခြုံရေးအာမခံ ကတိကဝတ်တွေ ရရှိအောင် ဖော်ဆောင်နေဆဲ ကာလ ဖြစ်တာကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ မပြုလုပ်ဖို့ ပါရှိပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: