အမေရိကန်သမ္မတသည် မူဆလင်ဖြစ်ခွင့်မရှိဟု ရီပါ့ပလေကန်သမ္မတလောင်း ကာဆင်ပြောကြား
========================================
မည်သည့်မူဆလင်မဆို အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ် ရွေးကောက်ခံရန်မသင့်လျော်ဟု ရီပါ့ပလေကန်သမ္မတလောင်း ဘင် ကာဆင်က ပြောကြားသည်။
တနင်္ဂနွေနေ့က NBC News နှင့် အင်တာဗျူးတွင် ကာဆင်က - မူဆလင်များကိုးကွယ်သော အစ္စလာမ်ဘာသာ (အမေရိကန်တွင် ကိုးကွယ်သူ ၃ သန်းရှိသည်) သည် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်ဖြစ်ရာ မူဆလင်များသည် အမေရိကန်သမ္မတဖြစ်ဖို့ရန် မသင့်လျော်ဟု ပြောကြားခဲ့သည်။
"နိုင်ငံကို အုပ်ချုပ်သူနေရာမှာ မူဆလင်တစ်ယောက်ကိုထားမယ်ဆိုတဲ့အမြင်ကို ကျွန်တော်မထောက်ခံပါဘူး… ကျွန်တော် ဒါကို လုံးဝ သဘောမတူပါဘူး" ဟု အငြိမ်းစားဦးနှောက်နှင့်အာရုံကြောခွဲစိပ်ဆရာဝန်ကြီး ကာဆင်က ပြောကြားသည်။
သမ္မတတစ်ဦး၏ ကိုးကွယ်မှုဘာသာသည် အရေးပါသလားဟူသည့် မေးခွန်းကို ခရစ်ယာန်ဘာသာကိုးကွယ်သော ကာဆင်က "ဒါက သူ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်" ဟု ဖြေကြားခဲ့သည်။
"သူကိုးကွယ်တဲ့ဘာသာက အမေရိကန်ပြည်ထောင်စုရဲ့ တန်ဖိုးတွေ၊ စည်းမျဉ်းတွေနှင့် မကိုက်ညီဘူးဆိုရင်… ဟုတ်ကဲ့ ပြောခဲ့သလိုပဲ ပြသနာရှိပါတယ်။ သို့သော် သူကိုးကွယ်တဲ့ဘာသာက အမေရိကန်ပြည်ထောင်စုရဲ့ တန်ဖိုးတွေ၊ စည်းမျဉ်းတွေရဲ့ အဝန်းအဝိုင်းထဲမှာပဲရှိမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း မဆန့်ကျင်ဘူးဆိုရင်တော့… ပြသနာမရှိပါဘူး" ဟု ကာဆင်က ပြောကြားခဲ့သည်။
Soe Moe Hlaing
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment