မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 5, 2015
အစိုးရတွင် လုံလောက်သည့် ရဲအင်အားရှိနိုင်ပြီး တရားဥပဒေ စိုးမိုးရေး အတွက် အသုံးချသင့်ဟုဆို --------
အစိုးရတွင် လုံလောက်သည့် ရဲအင်အားရှိနိုင်ပြီး တရားဥပဒေ စိုးမိုးရေး အတွက် အသုံးချသင့်ဟုဆို
--------
အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် လုံလောက်သည့် ရဲအင်အား ရှိနိုင်ပြီး ထိုအင်အားဖြင့် တရားဥပဒေ စိုး မိုးရေးအတွက် အသုံးချ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သြ ဂုတ် ၁၉ ရက်က ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၅) တတိယမြောက်နေ့အပြီးတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုး ဆွေးနွေးသည့် လှိုင်သာယာမြို့နယ်တွင် ရဲ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ရေးစခန်းအသစ် တည်ဆောက်ရေး အဆိုနှင့်ပတ်သက်ပြီး မီဒီယာများက မေးမြန်းရာတွင် သုံးသပ်ပြောခြင်းဖြစ်သည်။
ဒေါက်တာညိုညိုသင်းက “လူတစ်ထောင်ကို ရဲတယောက်ပဲ ဖြစ်နေတာ မဖြစ်သင့်ဘူး။ အနည်းဆုံးတော့ လူ ၅၀၀ ကို ရဲတစ်ယောက် ချထားသင့်တယ်။ ဘာကြောင့်ဆို လက်ပံတန်းက ကျောင်းသားအရေးအခင်းမှာ အန်တီတို့ တွေ့တယ်။ အဲဒီမှာ ကျောင်းသား တစ်ယောက်ကို ရဲ ၇ ယောက်လောက် ချထားတာတွေ့တယ်။ လက်ပံတန်း ကျောင်းသား အရေးအခင်းကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့တရားဥပဒေ စိုးမိုးရေးအတွက် လုံလောက်တဲ့ ရဲအင်အားရှိတယ်လို့ ထင်မြင်ယူဆတယ်။ အများကြီးရှိတယ်ဆိုတော့ တရားဥပဒေစိုးမိုးရေးအတွက် အသုံးချသင့်တယ်” ဟု ပြောသည်။
ယင်းက ဆက်လက်ပြီး အဆိုပါ ကိစ်္စသည် လွှတ်တော် ကိုယ်စားလှယ် များ အကြိမ်ကြိမ် တောင်းဆိုသည့် ကိစ္စဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ ၀င်များအနေဖြင့် လူတစ်ထောင်လျှင် ရဲတစ်ဦးနှုန်း အချိုးကျဖြစ်နေပြီး အမှန်တကယ်အားဖြင့် လူ ၃၀၀ သို့မဟုတ် လူ ၅၀၀ အား ရဲတစ်ဦး သို့မဟုတ် နှစ်ဦးခန့်ထားပေးနိုင်ရန် အစိုးရအနေဖြင့် အရည်အချင်းရှိသည်ဟု ထင်မြင်ယူဆကြောင်း ပြောသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးက “လှိုင်သာယာ မြို့နယ်တွင် လက်ရှိနေထိုင်သော လူဦးရေအချိုးအစားမှာ ရန်ကုန်တိုင်းဒေသကြီး အခြားမြို့နယ်များရှိ လူဦးရေ ထက် ထူထပ်များပြားသည်ကို တွေ့ရှိ ရပါတယ်။ လူဦးရေ ထူထပ်သည်နှင့်အညီ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်နှင့်အညီ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်” ဟု အဆိုတင်သွင်းရာတွင် ပြောသည်။
လှိုင်သာယာ မြို့နယ်တစ်ခုလုံးရှိ လူဦးရေသည့် ၇ သိန်းခန့်( ၆၉၅,၆၃၇ ဦး)နေထိုင်ပြီး၊ လှိုင်သာယာမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အင်အားမှာ အရာရှိ ၂၄ ဦး၊အခြားအဆင့် ၁၆၃ ဦး၊ စုစုပေါင်း ၁၈၇ ဦးဖြစ်ကာ လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ၃၇၂၀ ဦးလျှင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကျ ထိန်းသိမ်းဆောက်ရွက်နေ ရခြင်းကြောင့် (၁း၃၇၂၀)ဖြစ်နေသည့် အတွက် တရားဥပဒေ စိုးမိုးရေးဆောင် ရွက်သည့်အခါ ရဲတပ်ဖွဲ့ အချိုးအစား အရ အခက်အခဲရှိနေကြောင်း သိရသည်။
စိုင်းဟန်
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment