Saturday, September 5, 2015

တောင်ယာလုပ်ငန်းတွင် အသုံးပြုရန် ၀ယ်ယူလာသော နွားများအတွက် KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ

တောင်ယာလုပ်ငန်းတွင် အသုံးပြုရန် ၀ယ်ယူလာသော နွားများအတွက် KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ စက်တင်ဘာလ ၅ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ သြဂုတ်လ ၃၁ ရက်နေ့တွင် KIA အဖွဲ့ဝင် ၂ ဦး ရောက်ရှိလာပြီး လယ်ယာလုပ်ငန်းများတွင်အသုံးပြုရန် ဝယ်ယူထားသော နွားပိုင်ရှင်များကို တရားမ၀င်သယ်ဆောင် ဝယ်ယူထားသည့် နွားများဖြစ်သည်ဟု စွပ်စွဲကာ ဆက်ကြေးငွေများအတင်းအကြပ် ကောက်ခံသွားကြောင်း ယင်းဒေသခံ များထံမှ သိရှိရ ပါသည်။ “ ကျနော်တို့က နွားတွေကို လယ်ယာလုပ်ငန်းမှာသုံးဖို့ သယ်လာတာ၊ ဒီနွားတွေနဲ့ပဲ လယ်ယာ လုပ်ကိုင်စားသောက် နေရ တာ၊ ဝေးလံခေါင်ပါးတဲ့ဒေသဖြစ်လို့ လယ်ထွန်စက်ကလည်း မရှိဘူး၊ နွားတွေကို တရားမဝင် သယ်ဆောင် ဝယ်ယူလာ တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြီးတော့ ဆက်ကြေးငွေကို ဇွတ်အတင်းတောင်းတယ်၊ လက်ထဲမှာလည်း သေနတ်တွေ ကိုင်ထား တော့ ကြောက်နေရတာပေါ့၊ သူတို့တောင်းတာ မပေးရင်လည်း သူတို့ လုပ်သမျှခံရမှာပဲလေ၊ ဒီတော့ ကြောက်ကြောက် လန့်လန့်နဲ့ပဲပေးရတာပေါ့၊ လယ်ယာစိုက်ပျိုးဖို့ စရိတ်လေးကို ပေးလိုက်ရတော့ ဘာနဲ့သွားစိုက်ပျိုး ရမှာလဲဗျာ၊ ရှိတာလေးနဲ့ ဖြစ်သလိုပဲစိုက်ပျိုးရတော့မှာပေါ့၊ ဝမ်းရေးထက် ဆက်ကြေးပေးရေးက ပိုဆိုးနေတယ်” ဟု နွားသယ်ဆောင်လာသူတစ်ဦးမှ ပြောပြပါသည်။ KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားသည့်အပြင် နောင်တွင် အမတ်ကြီးကုန်း-ကျောက်ကြီးကျေးရွာ တော လမ်းကြောင်းမှ နွားများသယ်ဆောင်လိုလျှင် KIA အဖွဲ့အားသတင်းပို့၍ သယ်ဆောင်ရမည်ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူးတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ KIA အဖွဲ့သည် လယ်ယာလုပ်ကိုင်နေသူများ၊ ရွှေတူးဖော်နေသူများနှင့် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူများ သာမက နယ်မြေခံကျေးရွာများမှလည်း ဆက်ကြေးငွေများ မကြာခဏ ကောက်ခံလျက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြ ချက်အရ သိရှိရပါသည်။ နော်ဂျာ

No comments: