မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 5, 2015
ဆက်ကြေးငွေ မရသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်
ဆက်ကြေးငွေ မရသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်
4-9-2015
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ နောင်ပွဲကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်ကြေးငွေ၊ ဆန်နှင့် ရိက္ခာများ ကောက်ခံပေးခြင်းမရှိသည့်အတွက် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသေခံ ရွာသား များထံမှ သိရှိရသည်။
“ KIA အဖွဲ့က ကျေးရွာတစ်ရွာကို ဆန် ၁ အိတ်၊ ဆား ၁ ပိဿာ၊ ဆက်ကြေးငွေ ၅၀၀၀၀ နှုန်းသြဂုတ်လကုန်အပြီး နောက်ဆုံးထားပေးဆောင်ရမယ်လို့ ပြောပါတယ်၊ နောင်ပွဲကျေးရွာက ဆက်ကြေး မပေးနိုင်လို့ စက်တင်ဘာလ ၁ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းသွားကြတယ်၊ ဒေသခံရွာသူ ရွာသားတွေက မိုးတွင်းရောက်လို့ အလုပ်အကိုင်အဆင်မပြေဖြစ်နေကြတာ ဒီကောင်တွေမသိဘူး၊ သူတို့ အတွက်ပဲသိတယ်၊ သူတို့ပြောထားတဲ့အတိုင်း ရိက္ခာ၊ ဆက်ကြေးငွေတွေနဲ့ အုပ်ချုပ်ရေးမှူးကို လာရွေးရမယ်လို့ ပြောသွားတယ်” ဟု ရွာသားတစ်ဦးမှ ပြောပြပါသည်။
KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆက်ကြေးငွေနှင့် ရိက္ခာများအား မကြာခဏ ကောက်ခံနေသောကြောင့် ဒေသခံရွာသားများမှာ ပေးဆောင်ရန် အခက်အခဲများရှိနေသည့်အတွက် အုပ်ချုပ်ရေးမှူးအနေဖြင့် ရွာသားများကိုယ်စား KIA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ရပ်ဖိရပ်ဖတစ်ဦးမှ ပြောပြ ပါသည်။
ထိုသို့ မတရားသဖြင့်ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် ဒေသခံရွာသားများမှာ KIA အဖွဲ့အပေါ် ရွံရှာမုန်းတီးစိတ်များ ဖြစ်ပေါ်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နောင်ပွဲကျေးရွာမှ ရွာသူရွာသားအချို့၏ ပြောပြချက်အရ သိရှိရပါသည်။
နော်ဂျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment