Saturday, August 8, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှစ်မိုင်-နန့်မွန်း လမ်းတစ်လျှောက်တောင် ပြို လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေရန် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ =====================

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှစ်မိုင်-နန့်မွန်း လမ်းတစ်လျှောက်တောင် ပြို လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေရန် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ =================================================== မိုးညှင်း သြဂုတ် ၇ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှစ်မိုင်-နန့်မွန်း တောင်ပတ်လမ်းတစ်လျှောက်တောင် များပြိုကျခြင်း၊ မြေစာများလျှောကျ ခြင်း ဖြစ်စဉ်များကြောင့် လမ်းပန်း ဆက်သွယ်သွားလာရေး အဆင်ပြေ စေရန်အတွက် မိုးညှင်းခရိုင်လမ်းဦးစီး အဖွဲ့က ၂၄ နာရီ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါမိုးအဆက်မပြတ်ရွာသွန်း မှုဖြစ်စဉ်များကြောင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှစ်မိုင်-နန့်မွန်း တောင်ပတ်လမ်းများတွင်လည်းတောင် ပြိုပြီး မြေစာလျှောကျကာ လမ်း ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ထို့သို့ဖြစ်ပေါ်နေမှုကို ရှင်း လင်းကာ လမ်းပန်းဆက်သွယ်မှုများ အချိန်နှင့် တစ်ပြေးညီဆက်သွယ် သွားလာနိုင်ရေးတို့အတွက် လမ်းခရီး သုံးမိုင်လျှင် တာဝန်ခံ (SAE) တစ်ဦး လုပ်သား ၂ဝ ခန့်စီ ၂၄ နာရီအချိန် ပြည့်ပြင်ဆင် ဆောင်ရွက်နေကြောင်း တာဝန်ခံဦးလျှံဝေက ပြောသည်။ ယခုအခါ ဟိုပင်-ကုန်းသာ-လုံးတုံ-ညောင်ပင်ကားလမ်းပေါ်ရှိ (ရှစ်မိုင်တောင်ခြေမှ-နန့်မွန်းတောင် ပတ်လမ်း) ကားလမ်းမကြီးမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၄ နာရီဆောင်ရွက်လျက်ရှိသောကြောင့် လွယ်ကူလျင်မြန်စွာ စိုးရိမ်ကြောင့် ကြမှုကင်းစွာဖြင့် ကုန်တင်မော်တော် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များစိတ် ချမ်းမြေ့ စွာ သွားလာလျက်ရှိကြောင်း သိရ သည်။ နီတိုး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှစ်မိုင်-နန့်မွန်း လမ်းတစ်လျှောက်တောင် ပြို လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေရန် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ =================================================== မိုးညှင်း သြဂုတ် ၇ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှစ်မိုင်-နန့်မွန်း တောင်ပတ်လမ်းတစ်လျှောက်တောင် များပြိုကျခြင်း၊ မြေစာများလျှောကျ ခြင်း ဖြစ်စဉ်များကြောင့် လမ်းပန်း ဆက်သွယ်သွားလာရေး အဆင်ပြေ စေရန်အတွက် မိုးညှင်းခရိုင်လမ်းဦးစီး အဖွဲ့က ၂၄ နာရီ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါမိုးအဆက်မပြတ်ရွာသွန်း မှုဖြစ်စဉ်များကြောင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှစ်မိုင်-နန့်မွန်း တောင်ပတ်လမ်းများတွင်လည်းတောင် ပြိုပြီး မြေစာလျှောကျကာ လမ်း ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ထို့သို့ဖြစ်ပေါ်နေမှုကို ရှင်း လင်းကာ လမ်းပန်းဆက်သွယ်မှုများ အချိန်နှင့် တစ်ပြေးညီဆက်သွယ် သွားလာနိုင်ရေးတို့အတွက် လမ်းခရီး သုံးမိုင်လျှင် တာဝန်ခံ (SAE) တစ်ဦး လုပ်သား ၂ဝ ခန့်စီ ၂၄ နာရီအချိန် ပြည့်ပြင်ဆင် ဆောင်ရွက်နေကြောင်း တာဝန်ခံဦးလျှံဝေက ပြောသည်။ ယခုအခါ ဟိုပင်-ကုန်းသာ-လုံးတုံ-ညောင်ပင်ကားလမ်းပေါ်ရှိ (ရှစ်မိုင်တောင်ခြေမှ-နန့်မွန်းတောင် ပတ်လမ်း) ကားလမ်းမကြီးမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၄ နာရီဆောင်ရွက်လျက်ရှိသောကြောင့် လွယ်ကူလျင်မြန်စွာ စိုးရိမ်ကြောင့် ကြမှုကင်းစွာဖြင့် ကုန်တင်မော်တော် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များစိတ် ချမ်းမြေ့ စွာ သွားလာလျက်ရှိကြောင်း သိရ သည်။ နီတိုး

No comments: