မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 8, 2015
ယာဉ်ပေါ်ကရိက္ခာတွေအားလုံး လိုအပ်သူတွေဆီ အမြန်ဆုံးနဲ့ ချောချောမွေ့မွေ့ရောက်သွားဖို့က ပိုင်းလော့တိုင်းရဲ့ ဆန္ဒပါ ==================
ယာဉ်ပေါ်ကရိက္ခာတွေအားလုံး လိုအပ်သူတွေဆီ အမြန်ဆုံးနဲ့ ချောချောမွေ့မွေ့ရောက်သွားဖို့က ပိုင်းလော့တိုင်းရဲ့ ဆန္ဒပါ
=========================================
သတင်းဆောင်းပါး
ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး၊
ရွှေရည်မြင့်မော်
နေပြည်တော် သြဂုတ် ၇
လေကြောင်းအချက်ပြတာဝါမှ စကားသံကိုနားစွင့်ရင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူး ကိုစိုင်းနောင်လတ်တစ်ယောက် လေယာဉ်ကို ဦးတည်ရာလမ်းကြောင်းပြောင်းလိုက်သည်။ ဝေဟင်အနေအထားမှာပင် လေတိုက်ခတ်နှုန်း၊ လေလမ်းကြောင်းများနှင့် မိုးတိမ် တောင်များသည် မူလရည်မှန်းထားသည့်အတိုင်း တစ်သဝေမတိမ်းဖြစ်လာဖို့အတွက် မည်သို့မျှမမျှော်မှန်းနိုင်ကြောင်း အတွေ့အကြုံအရ သူကောင်းစွာသိခြင်းကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းအချိန် က သူကြုံတွေ့ရသည့် အနေအထား သည် ယနေ့ပျံသန်းဖြစ်ခဲ့သည့် ခရီးစဉ်နှင့် အများကြီးကွဲပြားခြားနား နေသည်မှာ ရာသီဥတုကြောင့်ပင် ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှု နှင့် မုန်တိုင်းဒဏ်ကြောင့် ပုံမှန်ပျံသန်း နေကျ ခရီးစဉ်တွေအပြင် ကယ်ဆယ် ရေးပစ္စည်းများကိုလည်း ရေဘေးသင့် ဒေသ ကုန်းလမ်း၊ ရေလမ်းအဆင်မပြေ သည့် နေရာအနှံ့အပြားသို့ လေယာဉ် များ၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာ ကိုစိုင်းနောင်လတ် ကဲ့သို့သော လေယာဉ်မှူးများအဖို့ တာဝန်ကြီးမားလွန်းလှသည်။
''ကျွန်တော်တို့ရဲ့ တာဝန်က ခရီးသည် သို့မဟုတ် ကုန်ပစ္စည်းတွေ ကို အန္တရာယ်ကင်းစွာနဲ့ လိုရာခရီး အမြန်ဆုံးရောက်ဖို့ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ အများကြီးပါ။ လေကြောင်းညွှန်ကြားမှု တာဝါရဲ့ ထိန်းညှိမှုကို အဓိကထားရပြီး ကွင်းပိတ်သွားပြီဆိုရင် လမ်းခရီးမှာ မိမိရဲ့အတွေ့အကြုံတွေကို မျက်မြင် အနေအထားနဲ့ ထိန်းညှိရတာ မျိုးတွေလည်း ရှိပါတယ်''ဟု ပြော သည်။
ယခုရက်ပိုင်းအတွင်း ရာသီဥတု ဆိုးရွားခြင်းကြောင့် မြန်မာနိုင်ငံ ဒေသများတွင် ရေကြီးရေလျှံနေ သည့် မြင်ကွင်းများကို ဝေဟင်မှ မြင်တွေ့ရသည့်အခါ လေယာဉ်မှူး များ အနေဖြင့်လည်း စိတ်မသက်သာ ကြပေ။ ''လုပ်နိုင်တဲ့နည်းလမ်းကတော့ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ဆုံး ရောက်ရှိသွားဖို့ပါပဲ''ဟု လေယာဉ် မှူး အများစုက ပြောကြားသည်။
တစ်နိုင်ငံလုံးတွင် ရေလျှံကွင်း များကိုသာ မြင်တွေ့နေရသည့်အပြင် ဝေဟင်တွင်လည်း လေတိုက်ခတ် နှုန်းသည် ပုံမှန်မရှိဘဲ အချိန်နှင့်အမျှ ပြောင်းလဲမှုကို လေယာဉ်မှူးတို့ ကြုံတွေ့နေရသည်။
''ရန်ကုန်ကနေ မန္တလေးကို နံနက်ခြောက်နာရီခွဲမှာ ထွက်ခဲ့တာ မန္တလေးကနေ ကလေးကို ပျံသန်းဖို့ အတွက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ကျမှ ကွင်းက လေကြောင်းညွှန်ကြား မှုကိုရတယ်။ ရာသီဥတု ဆိုးရွားရင် ကွင်းက ပိတ်ထားလိုက်ရတဲ့အတွက် လေယာဉ်ကို အသင့်စက်နှိုးပြီး စောင့်ဆိုင်းနေရခဲ့ရတယ်''ဟု လေ ယာဉ်မှူးက ဆက်လက်ရှင်းပြသည်။
ထို့အပြင် မြေပြင်အနေအထား တွင်လည်း လေတိုက်ခတ်နှုန်းသည် ယခုရက်သတ္တပတ်အတွင်း ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ထက်ပိုမိုကာ တစ်နာရီ လျှင် မိုင် ၅ဝ ကျော် တိုက်ခတ်တတ် ခြင်းသည်လည်း လေယာဉ်မှူးများနှင့် ရဟတ်ယာဉ်မှူးများအတွက် မြေပြင် သို့ ဆင်းသက်ရန် အခက်အခဲများ ကို ကြုံတွေ့ရကြောင်း အတွေ့အကြုံ ရှိ လေယာဉ်မှူးအချို့က သုံးသပ်ပြ သည်။
''ရဟတ်ယာဉ်ပေါ်ကနေ ရေဘေး ကယ်ဆယ်ရေးပစ္စည်းတွေကို ချပေး တာနဲ့ပတ်သက်ပြီး ပြောဆိုနေတာ ကြားရတော့ စိတ်မကောင်းဖြစ် မိပါတယ်။ ကျွန်တော်တို့ရဲ့ အခက် အခဲတွေကို အားလုံးနားလည်အောင် ရှင်းပြဖို့ဆိုတာ အခက်အခဲရှိပါ တယ်။ ဝေဟင်၌ ပျံသန်းနေချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရာသီ ဥတုဆိုးရွားမှု၊ လေတိုက်နှုန်း ပြင်းထန်မှုတွေနဲ့ ဆင်းသက်မည့် မြေအနေအထားတွေဟာ တစ်သ မတ်တည်းမရှိပါဘူး။ ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်တွေ အများစု အတိုင်း ကျွန်တော်တို့အနေနဲ့ အဆင် ပြေဆုံးဖြစ်မယ့် အနေအထားကို မျက်မြင်အခြေအနေနဲ့ ဆုံးဖြတ် ရွေးချယ်ရပါတယ်။ ရဟတ်ယာဉ် ပေါ်က ရိက္ခာတွေအားလုံး လိုအပ် သူတွေဆီ ချောချောမောမော ရောက်ရှိလိုကြတာက ပိုင်းလော့တွေ အားလုံးရဲ့ ဆန္ဒပါ။ ကျွန်တော်တို့ မဆင်းသက်ရဲတာက လမ်းကြောင်း မှားယွင်းပြီး သေရမှာ စိုးရွံ့လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မြေပြင်မှာ ထိခိုက်မှုကြုံရမှာ စိုးပါ တယ်'' ဟု ကယ်ဆယ်ရေးပစ္စည်း များအား သွားရောက်တင်ပို့ခဲ့ သူ ရဟတ်ယာဉ်မှူးတစ်ဦးကလည်း သူ့ခံစားချက်ကို ဖွင့်ဟပြောပြသည်။
ထို့အပြင် နိုင်ငံတကာကယ်ဆယ် ရေးလေယာဉ်များနှင့် ရဟတ်ယာဉ် များသည်လည်း အရေးပေါ်ကယ် ဆယ်ရေးလိုအပ်သည့် နေရာများ တွင် ရိက္ခာများနှင့် အသုံးအဆောင် များကို ပေးအပ်သည့်အခါ နည်းလမ်း နှစ်မျိုးကိုအသုံးပြုပြီး ပထမတစ်မျိုး မှာ ပေးပို့သည့်ဌာနမှ စနစ်တကျ ထုပ်ပိုးတင်ဆောင်မှုများဖြင့် ကယ် ဆယ်ရေးနည်းလမ်းနှင့် ဒုတိယ နည်းလမ်းမှာ အရေးပေါ်လိုအပ်သည့် ဒေသများတွင် မဖြစ်မနေလိုအပ် သည့် ပစ္စည်းများကို လူစုလူဝေးနှင့် အနီးစပ်ဆုံးနေရာများတွင် အရေး ပေါ်ချထားသည့် နည်းလမ်းဟူ၍ ဖြစ်ကြောင်း သိရသည်။
''ပထမနည်းလမ်းကတော့ စနစ် ကျတဲ့ ပေးအပ်မှုဖြစ်ပါတယ်။ တစ်နေရာတည်းကနေ ပေးအပ်တာ မျိုးပါ။ အသုံးအဆောင်တွေအားလုံး ကိုထုပ်ပိုးပြီး လက်ခံမယ့်နေရာမှာ လည်း အဆင်သင့်အနေအထားနဲ့ တာဝန်ရှိသူတွေက ကြိုတင်စောင့် ဆိုင်းလို့ အပြန်အလှန်အချက်ပြစနစ် နဲ့ ချထားပေးတဲ့ နည်းလမ်းဖြစ်ပြီး လက်ရှိမှာလည်း ကျွန်တော်တို့က ထိုနည်းလမ်းသုံးပြီး အကူအညီ ပေးအပ်နိုင်အောင် ကြိုးပမ်းနေပါ တယ်။ နောက်နည်းလမ်းကတော့ အရေးပေါ်ဒေသတွေမှာ အကူအညီ တွေကို အလျင်အမြန်ဆုံးနဲ့ အလွယ် ကူဆုံးရရှိအောင် ချပေးရခြင်းပါပဲ။ ဒီမှာက ကယ်ဆယ်ရေးပစ္စည်းတွေ ကို စနစ်တကျ ထုပ်ပိုးဖို့အတွက် အဆင်သင့်မဖြစ်တဲ့ အနေအထား ဖြစ်နေပြီး အားလုံးက တစ်နိုင်တစ်ပိုင် လှူဒါန်းမှုတွေများကြတယ်။ ထုပ်ပိုးမှု အတွက် အချိန်ပေးနေရင်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာ နိုင်တာတွေရှိနေတာကြောင့် ပေးအပ် တဲ့အခါ လွဲချော်မှုအနည်းငယ်လည်း ဖြစ်နိုင်ပါတယ်''ဟု ရဟတ်ယာဉ် မှူးတစ်ဦးကလည်း လုပ်ငန်းအနေ အထားကို ပြောကြားသည်။
ကိုစိုင်းနောင်လတ်၏ ပြောကြား ချက်အရ ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ရာသီဥတုဒဏ်ကြောင့် ဝေဟင်မှ မြင်တွေ့ရသည့် အနေအထားများ မှာ အလွန်ပင် ပြောင်းလဲနေကြောင်း သိရသည်။
''အရင်က ကွင်းကိုဆင်းခါနီးပြီ ဆိုရင် ရာသီဥတုကောင်းရင်ကောင်း သလို အဝေးကြီးကတည်းက မြင်နေ ရတယ်။ အခုအချိန်မှာတော့ ကွင်းကို ဆင်းသက်ခါနီး သုံးမိုင်လောက်ကနေ တစ်မိုင်လောက်မှသာ မြင်ရတယ်။ ကျွန်တော်တို့ကတော့ အတွေ့အကြုံ အရ တစ်မိုင်လောက်အကွာမှာ မြင်ရ ရင် ကောင်းကောင်းဆင်းသက်နိုင် ပါတယ်။ မိုးတိမ်တောင်တွေကို ရှောင်တိမ်းရသလို မြေပြင်ကနေ အမြင့်ဘယ်လောက်မှာဆိုရင် လေ တိုက်ခတ်နှုန်းက ဘယ်လောက်ဆို တာကိုလည်း ချိန်ဆနေရတာမျိုး တော့ရှိတယ်''ဟု လက်ရှိအနေ အထားကို လေယာဉ်မှူးထံက သိရှိရသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသ များသို့ မြန်မာ့တပ်မတော်လေမှ ရဟတ်ယာဉ်များ၊ လေယာဉ်များ အပါအဝင် မြန်မာ့အမျိုးသား လေကြောင်းလိုင်း၊ Air KBZ နှင့် Air Bagan လေကြောင်းလိုင်းများ မှ လေယာဉ်များသည် ကယ်ဆယ် ရေးပစ္စည်းများ တင်ပို့မှုနှင့် ခရီးသည် များ အဆင်ပြေချောမွေ့စွာ သွား ရောက်နိုင်ဖို့အရေး ရန်ကုန်နှင့် မန္တလေး လေယာဉ်ကွင်းများကို အခြေပြုကာ အခေါက်ခေါက် ပြေးဆွဲ သယ်ယူပေးလျက်ရှိကြောင်း သိရ သည်မှာ အားရစရာပင်ဖြစ်ကြောင်း လေယာဉ်မှူးများက ပြောသည်။
''ပိုင်းလော့တွေရော၊ လေယာဉ် မယ်တွေ လေယာဉ်မောင်တွေပါ ပရဟိတစိတ်ဓာတ်အပြည့်နဲ့ သယ်ယူ ပို့ဆောင်ပေးနေကြပါတယ်။ မြင်ရတဲ့ မြင်ကွင်းမှာ အချို့နေရာတွေက ရေကျသွားပြီး ရွှံ့တောကြီးဖြစ် ကျန်ခဲ့တာနဲ့ တူနေတယ်။ ကျွန်မတို့ အားလုံးကတော့ အဆင်ပြေစွာနဲ့ ခရီးသည်တွေ၊ ရိက္ခာတွေကို လိုအပ် တဲ့ နေရာရောက်သွားဖို့ အစွမ်းကုန် ကြိုးပမ်းနေတယ်''ဟု လေယာဉ်မယ် မရွှေရည်မြင့်မော်က ပြောကြား သည်။
မည်သို့ပင်ဆိုစေ လေယာဉ်မှူး ကိုစိုင်းနောင်လတ်တို့ မောင်းနှင် ပျံသန်းသွားသည့်ATR လေယာဉ်ကြီး ကတော့ ရာသီဥတုအနေအထားကို ကြံ့ကြံ့ခံရင်း ရေဘေးသင့်ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများကိုတင်ဆောင်ကာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment