မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 6, 2015
မလိယန်ကျေးရွာအနီး တိုက်ပွဲများ ရပ်ဆိုင်းရန် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ တောင်းဆို
မလိယန်ကျေးရွာအနီး တိုက်ပွဲများ ရပ်ဆိုင်းရန် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ တောင်းဆို
သြဂုတ်လ ၆ ရက်၊ ၂၀၁၅
၂၀၁၅ ရွေးကောက် ပွဲနီးကပ်လာချိန်တွင် စစ်ဘေး ဒဏ်ခံစားနေရသော ဒေသခံပြည် သူများအား ငဲ့ညှာသနားကြင်နာ သောအားဖြင့် ဆွမ်ပရာဘွမ်မြို့ နယ် မလိယန်ကျေးရွာဝန်းကျင် ၌ ဖြစ်ပွားနေသော တိုက်ပွဲများချက်ချင်းရပ်ဆိုင်းရန် ကချင်ပြည် နယ်ဒီမိုကရေစီပါတီက နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် သို့ တောင်းဆိုလိုက်သည်။
‘‘ဆွမ်ပရာဘွမ်မြို့ အလွန် မလိယန်တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ တော်တော်လည်း ပြင်းထန်လာတာကိုလည်း ကြားမိ တယ်။ ဒေသခံပြည်သူတွေလည်း အကူအညီမဲ့၊ ခိုးကိုးရာမဲ့နဲ့ အတော်လည်း ဒုက္ခခံစားနေရတာကိုလည်း ကြားသိရတယ်’’ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌဒေါက်တာ တူးဂျာက ပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ တောင်းဆိုထား သည့် တိုက်ပွဲရပ်ဆိုင်းရန်သာမက ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်နိုင်ရန် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန် လိုလားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၂ နောက်ပိုင်းတိုက်ပွဲ လုံးဝဖြစ်ပွားမှုမရှိသည့် ဆွမ်ပရာ ဘွမ်မှ ရှစ်မိုင်ခန့်သွားရသည့် မလိ ယန်ကျေးရွာအနီးတပ်မတော်နှင့် ကေအိုင်အေတို့ကြား ဇွန်လ ၂၄ ရက်မှစတင်ပြီး တိုက်ပွဲများပြန်လည် ပြင်းထန်နေ၍ ဒုက္ခသည်၁,၄၀၀ ခန့် ပုန်းရှောင်နေရသည်။အဆိုပါဒုက္ခသည်စခန်းတွင် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေသည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment