မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 5, 2015
ဆွမ်ပရာဘွမ်ဒေသ တိုက်ပွဲအစ မလိယန်ကျေးရွာက ==================================
ဆွမ်ပရာဘွမ်ဒေသ တိုက်ပွဲအစ မလိယန်ကျေးရွာက
=========================================
3, August, 2015 By Kachin People
၂၀၁၄ ဇွန် (၇)ရက်နေ့က KIA တပ်မဟာ(၁)လက်အောက်ခံ ရင်း(၇)မှ အရာရှိအဆင့်ရှိသူ ဖန်းရော်သည် မလိယန်ကျေးရွာရှိ မူ/ပြ ဆရာမ(၂)ဦးဖြစ်သော ဒေါ်ခင်မိုးထွေးနှင့် ဒေါ်သဲနုအောင် တို့အား လာရောက်တွေ့ဆုံခဲ့ကြောင်း၊ ၎င်းနောက် ဆရာမ(၂)ဦးအား မလိယန်ကျေးရွာ မူလတန်း ကျောင်းမှ ထုတ်ပယ်ပြီး မိမိတို့နေရပ်သို့ ပြန်လွှတ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
၎င်းနောက် ဆရာမ(၂)ဦး နေအိမ်မှ ပစ္စည်းများကိုလည်း ယူမသွားစေဘဲ အခန်းသော့ခတ် ကာ ချန်ထားခိုင်းခဲ့ကြောင်းနှင့် ၎င်းဆရာမ (၂)ဦးမှာ KIA မှခြိမ်းခြောက်မှုကြောင့် ဆွမ်ပရာဘွမ်မြို့ ပညာရေးမှူးရုံးသို့ သတင်းပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ထို့နောက် ဆရာမ(၂)ဦးကိစ္စအား မြို့နယ်ပညာရေးမှူးတို့ဖြင့် သွားရောက်ဖြေရှင်းရန်အတွက် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါဆောင်ရွက်ရာ KIA မှ စီးကြိုတိုက်ခိုက်၍ တိုက်ပွဲများစတင်ခဲ့ကြောင်း သိရှိခဲ့ပါသည်။
ယခင်က မလိယန်ကျေးရွာနှင့် ဂျာရာယန်ကျေးရွာတို့တွင် KIA မှ ဒေသခံများအား လူသားတံတိုင်းသဖွယ်ကာရံထားကာ ရွာအတွင်းစခန်းတည်ဆောက်၍ တပ်ဆွဲထားပြီး၊ ယခု တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ၎င်းဒေသခံများအား KIA မှ ဒုက္ခသည်စခန်းသို့ ရွာလုံးကျွတ် ခေါ်ဆောင်သွားခြင်းကြောင့် ၎င်းကျေးရွာများတွင် ဒေသခံများ တစ်ဦးတစ်ယောက်မျှ မရှိတော့ ကြောင်း သိရှိရပါသည်။ ယခု ၎င်းကျေးရွာများအတွင်း KIA မှ ရွာသားများ ဟန်ဆောင်ကာ အိမ်အောက်တွင် ကတုတ်ကျင်း ခံစစ်ကျင်းများတူး၍ ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment