ပင်လယ်ပြင်မှာ ဇိမ်ခံလိုတဲ့ သူဌေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ UFO 2.0 လို့ အမည်ပေးထားတဲ့ စက်ဝိုင်းပုံစံ ရေယာဉ်ကို Pierpolo Lazzarini အမည်ရတဲ့ ဒီဇိုင်နာက ဒီဇိုင်းရေးဆွဲထားပါတယ်။ ကုန်ကျစာရိတ်က
တော့ ပေါင် 840000 အထိ ရှိမှာမို့ တော်ရုံချမ်းသာသူတွေ အနားကပ်နိုင်မယ့် ပမာဏတော့ မဟုတ်ပါဘူး။
အဆိုပါ UFO 2.0 ရေယာဉ်ဟာ ပေ 60 အချင်းမီတာ ရှိမှာဖြစ်ပြီး လူဦးရေ တစ်ရာအထိ လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းတွေ များစွာထည့်သွင်းထားမှာဖြစ်ပြီး အထပ်ကတော့ သုံးထပ်ပါဝင်မယ်လို့ သိရပါတယ်။ အပေါ်ဆုံးအထက်ကို ရေပြင်အလှအပကို ခံစားဖို့နဲ့ နေဆာလှုံနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။
အောက်ဆုံးအထပ်ကိုတော့ စတိုခန်းအဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 2018 ခုနှစ်မှာတော့ UFO ရေယာဉ်ကို ရ
ဟတ်ယာဉ်ကဲ့သို့ ပျံသန်းနိုင်မယ်လို့လည်း Lazzarini က ဆိုပါတယ်။ ဒီအခြေအနေဟာ ရေကြီးရေလျှံဖြစ်နေတဲ့ အတော်အတွင်းမှာတော့ UFO ကို ၀ယ်ယူထားသူတွေအနေနဲ့ အခက်အခဲမရှိ ကျော်ဖြတ်နိုင်မယ်လို့လည်း ဆိုပါတယ်။
ဟယ်လီကော်ပတာနဲ့ သယ်ဆောင်သွားလို့ရမယ့် 20 မီတာ အချင်းရှိတဲ့ UFO ရေယာဉ်ကိုလည်း တိုးမြင့်တည်ဆေက်သွားမယ်လို့ သိရပြီး နောက်ပိုင်းမှာတော့ UFO ယာဉ်တွေဟာ ရဟတ်ယာဉ်တွေလို့ ပျံသန်းနိုင်ဖို့ စီစဉ်ထုတ်လုပ်သွားမယ်လို့ Lazzarini က ပြောခဲ့ပါတယ်။
Credit:Shwemom
source : thesun.co.uk
No comments:
Post a Comment