Monday, December 5, 2016

သင့် ဇနီး ကိုတကယ်ချစ်ရင်သူမအတွက်နေ့စဉ်လုပ်ပေးသင့်တဲ့အရာ(၅)ခု




သာယာချမ်းမြေ့တဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ ဇနီး မောင်နှံနှစ်ယောက်လုံးလိုက်နာသင့်တဲ့အချက်တွေက သိပ်များများစားစား မရှိပါဘူး။အထူးသဖြင့် ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးသည်ကို တကယ်ချစ်ကြောင်းသက်သေပြဖို့ အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့တင်လုံလောက်ပါတယ်။

အစားအသောက်စီစဉ်ခြင်း

တခါတလေ သူမအတွက် စားကောင်းမယ့် အစားအသောက်ပဲဖြစ်ဖြစ်၊ သူမကြိုက်တတ်တဲ့ အစားအစာပဲဖြစ်ဖြစ်ကိုယ် တိုင်ချက်ပြုတ်စီစဉ်ပေးနိုင်ပါတယ်။သင့်လက်ရာကောင်းမကောင်းက သူမအတွက်အရေးမကြီးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သင်ကိုယ်တိုင်စီစဉ်ပေးတဲ့ အစားအစာက သူမအတွက် အရသာရှိနေမှာပါပဲ။

စကားစမြည်ပြောခြင်း

အခုဆို နည်းပညာရဲ့သားကောင်တွေအဖြစ် အလုပ်ချိန်တွေရော၊ ကိုယ်ပိုင်အားလပ်ချိန်တွေပါပွန်းပဲ့တိုက်စားခံနေရပါ တယ်။ဇနီးမောင်နှံတွေ၊ချစ်သူခင်သူမိသားစု၊မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်းရင်းနှီးနွေးထွေးမှုတွေ လျော့ပါးလာကြပါတယ်။အဲ့ဒီလိုအခြေအနေထဲက ရုန်းထွက်ပြီး သင့်ဇနီးနဲ့အချိန်ပေးပြီးစကားစမြည်တာမျိုး၊သင်တို့ရဲ့အမှတ်တရနေ့ တွေကြောင်း၊အမှတ်တရတွေအကြောင်းပြန်ပြောပြီး အားလပ်ချိန်တွေကို အတူဖြတ်သန်းပေးမယ်ဆိုရင် သင့်ဇနီးက သင့်ကိုကျေးဇူးတင်နေမှာပါ။

အိမ်ထောင်ရှင်ထီး

အိမ်မှုကိစ္စတွေက ၀င်ငွေရတဲ့အလုပ်မဟုတ်ပေမယ့်လည်း မဖြစ်မနေလုပ်ရမယ့်ကိစ္စတွေဖြစ်သလို တစ်နေကုန်မအား လပ်အောင်လည်းများပြားလွန်းပါတယ်။အဲဒီလို အိမ်မှုကိစ္စအလုပ်တွေနဲ့ ပင်ပန်းနေတဲ့သင့်ဇနီးကို သင့်ရဲ့အ၀တ်အစား ကိုကိုယ်တိုင်လျှော်ဖွတ်ခြင်း၊အိမ်တွင်းသန့်ရှင်းရေးလုပ်ခြင်း၊ သင့်အလုပ်စားပွဲကို သန့်ရှင်းအောင်ထားခြင်းစသဖြင့် သင် တတ်နိုင်တဲ့ဘက်ကနေကူညီပေးနိုပါတယ်။သူမကို ဘယ်လောက်ချစ်တယ်ဆိုတာ ဒီထက်ထင်ရှားတဲ့ သက်သေ မရှိနိုင်တော့ပါဘူး။
တခါတလေ ဘာသိဘာသာနေရင်းနဲ့ ဇနီးသည်က ကိုယ်နဲ့ဝေးနေသလိုခံစားရတတ်ပါတယ်။အဲဒါကြောင့် တွန့်ဆုတ်တာ မျိုး၊အချိန်ဆွဲတာမျိုးလုပ်မနေဘဲ သူမကို ချစ်ကြောင်းပြောပါ။အတတ်နိုင်ဆုံးမျက်နှာချင်းဆိုင်ပြီးပြောပါ။စာပို့ပါ။ ဖုန်းခေါ် ပါ။သင့်ရဲ့အပြုအမူတွေက သူမကိုပျော်ရွှင်မှုအပြည့်အ၀ပေးနိုင်ပါလိမ့်မယ်။

သူမကိုနားလည်အောင်ကြိုးစားပါ

မိန်းကလေးတွေရဲ့စိတ်က အများအားဖြင့် အပြောင်းအလဲမြန်တယ်လို့ပြောလို့ရပါတယ်။အိမ်မှုကိစ္စတွေကြောင့်သော် လည်းကောင်း၊လစဉ်အချိန်တွေကြောင့်သော်လည်းကောင်းသူမရဲ့စိတ်ကအပြောင်းအလဲတွေဖြစ်နေပါလိမ့်မယ်။သင့်အနေနဲ့အတတ်နိုင်ဆုံး သူမကိုနားလည်ပေးသင့်သလို နားလည်အောင်လည်းကြိုးစားသင့်ပါတယ်။သင့်ရဲ့နားလည်မှုတွေကပဲ သင့်ကိုကျေနပ်မှုပြန်လည်ရရှိစေမှာပါ။

Lwin Pyin | လွင်ပြင် သတင်း 

No comments: