Saturday, December 24, 2016

ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ ပါဝင်သည့် M.W.R.N mobile application ကို စတင်အသုံးပြုနိုင်



Posted: December 24, 2016

ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)မှ ပြုလုပ် သည့် ရွှေ့ပြောင်း အလုပ်သမားရေးရာနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ သိမှတ်ဖွယ်ရာများ ပါဝင်သည့် ဖုန်းတွင်းအသုံး သည့် ဆောဝဲ(M.W.R.N mobile application) ကို အသုံးပြုနိုင်ကြောင်း သိရသည်။

 

M.W.R.N mobile application ဖြန့်ဝေခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ပြုလုပ် ခဲ့သည်။

 

အဆိုပါ M.W.R.N mobile application တွင် အဓိကအခန်း ၅ ခုပါဝင်ပြီး ၄င်းတို့မှာ ရွှေ့ပြောင်းရေးရာသိမှတ်စရာ၊ ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေများနှင့် ခံစားခွင့်များ၊ ရွှေ့ပြောင်း မြန်မာကလေးများအကြောင်း ၊ ရွှေ့ပြောင်း အလုပ်သမားကိစ္စ ဆက်သွယ်လို့ရမည့် အဖွဲ့အစည်းများ ဖုန်းနံပါတ်များ နှင့် MWRN အဖွဲ့အကြောင်း ပါဝင်သည်။

 

သက်ဆိုင်ရာ ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲများ ပါရှိပြီး ရွှေ့ပြောင်း အလုပ်သမားနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဖတ်ရူနိုင်စေ ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

 

အဆိုပါ ဆောဝဲလ်ဖုန်းကို Android Version 4.3 နှင့် အထက် စမတ်ဖုန်းများ တွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ အပလီကေးရှင်းနှင့် ဆိုင်သည့် အချက်အလက် ရယူပြီးပါက အင်တာနက် ထပ်မံအသုံးပြုရန် မလိုအောင် အလွယ်တကူ ဖတ်ရူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် Google drive , Pcloud နှင့် Mediafire Link များမှ ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း ဖုန်းဆော့ဝဲလ်များ ရနိုင်သည့် Google Play Store နှင့် 1 Mobile Market တို့တွင် ရယူ အ သုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ဖြစ်မြောက်ရေး အတွက် နည်းပညာပိုင်း ဆိုင်ရာများကို Team Digits က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

The Ladies News

No comments: