Saturday, December 24, 2016

မန္တလာမင်း တိမ်းမှောက်သည့်ဖြစ်စဉ်ကို စုံခုံဖွဲ့စစ်ဆေးပြီးမှ အရေးယူဆောင်ရွက်မည်

လူရှစ်ဦး သေဆုံးစေခဲ့သည့် မန္တလာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်သည့်ဖြစ်စဉ်ကို စုံခုံဖွဲ့ စစ်ဆေးပြီးမှ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ဒီဇင်ဘာ ၂၂ ရက် ည က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီးယင်းနေ့ညအထိ ခုနစ်ဦးသေဆုံးကာ ဒီဇင်ဘာ ၂၃ ရက် နံနက်၌ တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်က ခရီးသည်ငါးဦးအထက် သေဆုံး ပါက ယာဉ်လိုင်းပြေးဆွဲမှု ပိတ် သိမ်းသည်အထိ အရေးယူမှုပြု လုပ်ခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်၌ ယာဉ်တိမ်းမှောက် သည့် အကြောင်းကို စစ်ဆေးပြီး မှ အရေးယူမည်ဖြစ်ကြောင်း နေ ပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးမြင့်ဦးကပြောကြား သည်။

‘‘လက်ရှိမှာတော့ ယာဉ်တိမ်း မှောက်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်။ ကျန်တာက အထက်လူ ကြီးတွေက စစ်ဆေးပြီး ဆက် လက် အရေးယူမှုတွေ ရှိလာမှာ။ ယာဉ်တိမ်းမှောက်ရတဲ့အ ကြောင်းရင်းကို စစ်ဆေးသွားမှာ ပါ’’ဟု ဒုရဲမှူးကြီးကပြောသည်။

ဖြူးမြို့အနီးတွင် တိမ်း မှောက်ခဲ့ခြင်းဖြစ်ပြီး ပထမနေ့ ၌ သေဆုံးသူ ခုနစ်ဦးအတွက် ကျန်ရစ်သူမိသားစုများနှင့်အတူ မတော်တဆ ဖြစ်ခဲ့သည့်နေရာ၌ ဆွမ်းကပ်အမျှဝေခြင်းကို မန္တလာ မင်းယာဉ်လိုင်းက စီစဉ်ဆောင် ရွက်ပေးခဲ့သည်။ ယာဉ်ပေါ်တွင် စုစုပေါင်းခရီးသည် ၄၅ ဦးလိုက် ပါလာပြီး ဒဏ်ရာရရှိသူ ၃၆ ဦးရှိသည်။ ‘‘လတ်တလောသေဆုံးသူ တွေရဲ့အလောင်းကို သက်ဆိုင် ရာ အရပ်ဒေသကို သယ်ကြ တယ်။ အလောင်းတွေကိုလည်း လိုက်ပို့ပြီးပါပြီ။ သေဆုံးသူတွေရဲ့ မိသားစုတွေကိုလည်း တစ်ဦး ကျပ် ၁၅ သိန်းစီကူထားပါတယ်။ ဆေးရုံကလူတွေကိုလည်း ဆေး ကုသပေးပြီး ၀န်ထမ်းတွေနဲ့ စောင့်ရှောက်ပေးထားတယ်။ ယာဉ်တိမ်းမှောက်တာနဲ့ပတ် သက်ပြီးတော့ လောလောဆယ် ပြောစရာမရှိသေးပါဘူး’’ဟု မန္တ လာမင်းခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါခရီးသည်တင်ယာဉ် က ရှေ့ကားကိုရှောင်ရင်း လမ်း လယ်တုံးကိုတိုက်မိကာ တာယာ ကွဲသွားပြီးနောက် လမ်းဘေး ချောက်ထဲ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်းကနဦးစစ်ဆေးချက် များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ က ခရီး သည် ၁၄ ဦးသေဆုံးခဲ့ပြီး ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့သော ရာ ဇာမင်း ခရီးသည်တင်ယာဉ်လိုင်း ကို ခရီးစဉ်ပြေးဆွဲခွင့်ပိတ်သိမ်းခဲ့ ပြီး ခရီးသည် ခြောက်ဦးသေဆုံး စေခဲ့သည့် မတော်တဆမှုဖြစ်ပွား ခဲ့သော E-Lite Express ယာဉ် လိုင်းတို့ကို ပြေးဆွဲခွင့်ပိတ်သိမ်းမှု များရှိခဲ့သည်။

No comments: