Monday, December 26, 2016

Clash Royale ကို စကစားမယ့် သူများအတွက် အကြံပြုချက် (၁၀) ချက်



By: 

နောင်နောင်

၂၀၁၆ မတ်လမှာ စတင်ဖြန့်ချိခဲ့တဲ့ Clash Royale ဂိမ်းဟာ ယခုအခါမှာ နာမည်ကျော်လူကြိုက်များတဲ့ဂိမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒီဂိမ်းဟာ Apple ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိမ်းအဖြစ် ရပ်တည်ခဲ့သလို Google Play ရဲ့ အကောင်းဆုံး ဂိမ်းအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် Clash Royale ကို စကစားမယ့်သူများအတွက် အထောက်အကူ ဖြစ်စေမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရွှေကို ချင့်ချိန်ပြီး သုံးပါ။

ရွှေဟာ Clash Royale မှာ အရေးအပါဆုံး အရာဖြစ်ပါတယ်။ Clash of Clans နဲ့မတူတာက farm ရတာမျိုးမဟုတ်ဘဲ battle နိုင်တာနဲ့ ရရှိပါတယ်။ ဒါ့အပြင် အခမဲ့ daily chest တွေကနေလည်း ရွှေကိုရနိုင်ပါတယ်။ Battle များများနိုင်လေ unlock လုပ်နိုင်မယ့် chest များများရလေပါ။ တချို့ chest တွေက unlock လုပ်ဖို့ ၃ နာရီကြာပါတယ်။ တချို့က ၈ နာရီကြာသလို တချို့က ၁၂ နာရီ ကြာပါတယ်။ Crown Chest ဆိုရင် ရွှေများများရပါတယ်။

Clash Royale ကတ်တွေ (troop တွေ) ကို အလားတူကတ်တွေနဲ့ upgrade လုပ်နိုင်ပါတယ်။ လုံလောက်တဲ့ ကတ်အရေအတွက်ပြည့်ပြီဆိုရင် ရွှေကိုသုံးပြီး upgrade လုပ်နိုင်ပါတယ်။ Clash Royale မှာ Clash of Clans က Giant, Goblins, skeletons, Hog Rider, Witch စတဲ့ troop တွေ ပါဝင်ပါတယ်။ Troop တွေကို upgrade လုပ်တာဟာ အရေးကြီးပေမယ့် troop တိုင်းကို upgrade မလုပ်သင့်ပါဘူး။ ရွှေကို ချင့်ချိန်ပြီး အသုံးပြုဖို့ လိုတာကြောင့် upgrade လုပ်တဲ့အခါမှာ ကိုယ်သုံးမယ့် troop တွေကိုပဲ ဦးစားပေး လုပ်သင့်ပါတယ်။

Challenge တွေနဲ့ Tournament တွေမှာ ပါဝင်တာကလည်း ရွှေတွေနဲ့ ကတ်တွေကို ရရှိနိုင်ပါတယ်။ Grand Challenge မှာဆိုရင် ကတ်ရာပေါင်းများစွာနဲ့ ရွှေအများအပြား ရနိုင်ပါတယ်။

(၂) Battle Deck မျိုးစုံ သတ်မှတ်ထားပါ။

Clash Royale ကို စကစားမယ့် သူများအတွက် အရေးအကြီးဆုံးက deck တွေကို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ မတူညီတဲ့ deck သုံးမျိုးအထိ စီစဉ်ထားနိုင်ပါတယ်။ Troop တစ်ခုချင်းစီမှာ ကုန်ကျမယ့် Elixir အရေအတွက်ရှိပါတယ်။ Deck တစ်ခုမှာ Elixir 2-3 တွေ များတာ မကောင်းသလို Elixir 5 တွေများတာကလည်း မကောင်းပါဘူး။ ဒါကြောင့် ကွဲပြားပြီး ဟန်ချက်ညီတဲ့ troop တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

Deck မှာ Elixir နည်းတာနဲ့ များတာအပြင် ground နဲ့ air တို့ကို ရောနှောထားပါ။ Elixir ကုန်ကျမှုများရင် ကတ်တွေကို အချိန်မီ မချနိုင်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။ Fire Spirits လို ဈေးပေါတဲ့ ကတ်တွေက ဈေးသက်သာတဲ့ အကောင်းဆုံး counter attack တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် Valkyrie နဲ့ spells တို့လို splash damage ကတ် အနည်းဆုံး တစ်ခု သို့မဟုတ် နှစ်ခု ယူသွားသင့်ပါတယ်။ Legendary ကတ်ရှိရင်တော့ အသုံးပြုသင့်ပါတယ်။

(၃) Skeleton Attack တွေကို သုံးပါ။

Clash Royale မှာ မတူညီတဲ့ Skeleton troop အများအပြား ပါဝင်ပါတယ်။ အဲ့ဒီအထဲမှာ Giant Skeleton က အားအပျော့ဆုံးဖြစ်ပြီး အလျင်အမြန် သေဆုံးနိုင်သလို မြားဒဏ်ကိုလည်း ခံနိုင်ရည်မရှိပါဘူး။ Skeleton Army ကတော့ Hog နဲ့ တွဲသုံးတဲ့အခါ ထိရောက်ပါတယ်။

Skeleton တွေကို Giant နဲ့ တွဲသုံးရင် Tower တစ်ခု ပြိုနိုင်ပါတယ်။ Skeleton တွေဟာ တိုက်စစ်အပြင် ခံစစ်အတွကလည်း အသုံးတည့်ပါတယ်။ ရန်သူက Prince ဒါမှမဟုတ် Giant တို့ကို သုံးတဲ့အခါမှာ Skeleton တွေနဲ့ တားနိုင်ပါတယ်။ Zap ကိုတော့ သတိထားဖို့ လိုပါတယ်။

(၄) Deck အသစ်တွေကို Training Battle မှာ စမ်းသပ်ပါ။

ပွဲတစ်ပွဲ ရှုံးနိမ့်တဲ့အခါမှာ trophy လျော့ပါတယ်။ ဒါကြောင့် multiplayer မှာ မကစားခင် deck အသစ်တွေကို စမ်းသပ်ပါ။ Trophy မြင့်ရင် Arena အမြင့်မှာ ကစားနိုင်တာကြောင့် ပိုကောင်းတဲ့ chest တွေနဲ့ ရွှေအများအပြား ရနိုင်ပါတယ်။ ဒါကြောင့် ပွဲများများ အနိုင်ရဖို့လိုပါတယ်။ Deck တွေကို စမ်းသပ်ရင်း trophy မလျော့ပါစေနဲ့။ Clan member အချင်းချင်း ကစားတာမျိုး ဒါမှမဟုတ် training ground မှာ လေ့ကျင့်တာမျိုး ပြုလုပ်ပြီး Deck တွေကို စမ်းသပ်သင့်ပါတယ်။

(၅) အရင်ဆုံး မတိုက်ပါနဲ့။

ကတ်တွေကို အရင်ဆုံးချလိုက်တဲ့အခါ ရန်သူရဲ့ တုံ့ပြန်မှုကြောင့် နောက်ကျ ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အရင်ဆုံး မတိုက်တာက Elixir တစ်ပန်းသာပါတယ်။ Clash Royale မှာ Elixir ဘားကို စောင့်ပြီး ကစားရတာကြောင့် ရန်သူရဲ့ troop ချတာကို စောင့်ပြီးမှ အကောင်းဆုံး troop ကိုရွေးပြီးချတာက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ Elixir 4 ကတ်ကို Elixir 2 ကတ်နဲ့ သတ်နိုင်ရင် အသာစီးရပါပြီ။ ကိုယ့်ဘက်က တိုက်စစ်ဆင်မှုကို ရန်သူက မတားဆီးနိုင်တဲ့အခါ အနိုင်ရရှိဖို့က သေချာသွားပါပြီ။

အကောင်းဆုံးခံစစ်ကလည်း အကောင်းဆုံး တန်ပြန်တိုက်စစ် ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး ၁ မိနစ်အထိ secret kill ကတ်ကို ချန်ထားပြီး တိုက်တာကလည်း ရန်သူကို အံ့အားသင့်စေပြီး အလျင်အမြန် အနိုင်ရနိုင်ပါတယ်။

(၆) ကတ်တွေကို အလောတကြီး မချပါနဲ့။

တစ်ကြိမ်တည်းမှာ troop တွေ အများကြီးသုံးတာက ကိုယ့်ကို နောက်ကျကျန်ရစ် စေနိုင်ပါတယ်။ ရန်သူက Elixir collector နဲ့ Giant ကို ချလိုက်ပြီဆိုရင် သူ့မှာ Elixir မကျန်တော့တဲ့အတွက် အခြားလမ်းကို push လုပ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် ပါးနပ်ဖို့လိုပါတယ်။ ပေါ်လာတဲ့ ကတ်တိုင်းကို မသုံးပါနဲ့။ ကတ်တွေကို အလောတကြီး မချဘဲ Elixir နဲ့ တွက်ချက်ပြီး ချတာက ပိုအကျိုးရှိနိုင်ပါတယ်။

(၇) Spell တွေကို မကြာခဏ သုံးပါ။

Clash Royale ရဲ့ အစောပိုင်းကာလမှာ ကစားသမားအများစုက spell မရကြသေးပါဘူး။ တစ်ပတ်လောက်ကြာရင်တော့ Freeze spell ကို ရနိုင်သလို Arena 3-4 ရောက်တဲ့အခါ Rage spell ကို ရရှိနိုင်ပါတယ်။ Freeze က အရာအားလုံးကို အေးခဲသွားအောင် လုပ်ပေးပါတယ်။ ဒီကတ်ဟာ နောက်ဆုံးမိနစ်မှာ နိုင်ပွဲရယူပေးနိုင်တဲ့ ကတ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ခရမ်းရောင် Rage spell ကတော့ speed နဲ့ damage ကို တိုးမြှင့်ပေးပါတယ်။ Giant ဒါမှမဟုတ် Skeleton Giant ကို ချပြီး Rage ချလိုက်တဲ့အခါ Tower ကို မြန်မြန်ဖြိုပေးပါလိမ့်မယ်။ Balloon ကို Rage နဲ့ သုံးတဲ့ အခါမှာလည်း စက္ကန့်ပိုင်းအတွင်း Tower ပြိုပါတယ်။

(၈) Trophy ကို မလျှော့ပါနဲ့။

Clash of Clans လို Trophy လျှော့ပြီး လွယ်တဲ့ပြိုင်ဘက်တွေနဲ့ ကစားမယ့် အတွေးမျိုး Clash Royale မှာ မတွေးသင့်ပါဘူး။ ဒီလို Trophy လျှော့ပြီး ကစားမယ်ဆိုရင် Arena အမြင့်ကိုရောက်ဖို့ နှေးကွေးမှာ ဖြစ်သလို အကောင်းစား ကတ်တွေကို ရဖို့လည်း နှောင့်နှေးပါလိမ့်မယ်။

(၉) YouTube မှာ Deck တွေကို လေ့လာပါ။

YouTube နဲ့ ဖိုရမ်တွေကနေ အကောင်းဆုံး deck တွေကို လေ့လာတာကလည်း ကောင်းတဲ့အကြံတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အားသာချက်၊ အားနည်းချက်ရှိပါတယ်။ အားသာချက်ကတော့ နိုင်ပွဲတွေရရှိဖို့ အထောက်အကူ ဖြစ်စေမယ့် ဟန်ချက်မျှတဲ့ deck အမျိုးမျိုးကို သိရှိနိုင်ခြင်း ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အခြားကစားသမားတွေကလည်း ဖိုရမ်တွေနဲ့ နာမည်ကျော် ဗီဒီယိုတွေကနေ အလားတူ deck တွေကို လေ့လာထားတာကြောင့် အနိုင်ယူနည်းကို သိရှိထားကြခြင်း ဖြစ်ပါတယ်။

(10) TV Royale ပေါ်က Replay တွေကို ကြည့်ပါ။

နောက်ဆုံးအချက်ကတော့ TV Royale ကြည့်ရှုခြင်း ဖြစ်ပါတယ်။ TV Royale မှာ ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ replay တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ battle တွေရဲ့ replay တွေရှိပါတယ်။ ဒီ replay တွေကို ကြည့်ရှုခြင်းက beginner တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ မဟာဗျူဟာတွေကို လေ့လာရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Internet Journal

No comments: