Saturday, December 24, 2016

အားလပ်ရက်အတွင်း အမေရိကန် ဘုရားကျောင်းများအား အိုင်အက်စ်တို့ ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမေရိကန် အုပ်ချုပ်ရေး သတိပေး


 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Culumbus Circle အားလပ်ရက် ဈေး အပြင်ဘက်တွင် လုံခြုံရေးယူထားသည့် ရဲအရာရှိများအား ဒီဇင်ဘာလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)    ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

    အိုင်အက်စ် (IS) လိုလားသူများ၏ ဝက်ဘ်ဆိုဒ်များတွင် အမေရိကန်နိုင်ငံအတွင်းရှိ ဘုရားကျောင်းများ စာရင်းကို ထုတ်ပြန်လိုက်ပြီးနောက် အားလပ်ရက်ကာလအတွင်း ဘုရားကျောင်းများအား အိုင်အက်စ် နောက်လိုက်များက ပစ်မှတ်ထားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာလ ၂၃ ရက်က သတိပေးလိုက်သည်။

ဆက်လက်၍ အဆိုပါ အစွန်းရောက်အဖွဲ့က ဖော်ပြထားချက်အရ ဘုရားကျောင်းများအား ပစ်မှတ်ထားခြင်း အပါအဝင် အားလပ်ရက် ဆုံစည်းမှုများ၌ တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း FBI နှင့် ပြည်ထဲရေးဝန်ကြီး ဋ္ဌာနတို့က ထုတ်ပြန်သည့် သတင်းလွှာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ တစ်ဝန်းရှိ တရားဥပဒေ စိုးမိုးရေး အေဂျင်စီနှင့် ပုဂ္ဂလိကပိုင် လုံခြုံရေး ကုမ္ပဏီများထံသို့ ဖြန့်ဝေထားသည့် သတင်းလွှာထဲတွင် ခြိမ်းခြောက်မည့်ပုံစံ အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

(Xinhua)

No comments: