ဒီမိုကရေစီဆိုတာ အခွင့်အရေးတွေ ရှိသလို တာဝန်လည်းရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာပြုလုပ်တဲ့ ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ အဲဒီလိုပြောဆိုလိုက်တာပါ။
ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ ပြည်သူလူထူမှာ အခွင့်အရေးတွေ ရှိသလို တာဝန်တွေလည်းရှိပြီး မိမိတို့နိုင်ငံတိုးတက်ရေးဟာ အားလုံးရဲ့တိုးတက်ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
အစိုးရရဲ့ လုပ်ကိုင်ပေးမှုကိုသာ ထိုင်ကြည့်မနေဘဲ ထိုင်ကြည့်နေလို့ အစိုးရလုပ်ချင်တာလုပ်သွားရင် ပြည်သူတွေ အတွက် မကောင်းဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ ရန်ကုန်မြို့တော် လှပရေးအတွက် ရန်ကုန်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေ အားလုံး အောင်မြင်ဖို့အတွက် ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရပိုင်းဆိုင်ရာ ကဏ္ဍအားလုံး ပူးပေါင်းပြီး ဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်ပြီး မိမိတို့၏ မြို့တော်ကြီး တိုးတက်စေရန် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။
MCN
No comments:
Post a Comment