Friday, December 2, 2016

စစ်တွေမြို့သို့ ရောက်ရှိနေသည့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့ကို စစ်တွေဒေသခံများ ဆန္ဒပြ



Posted: December 2, 2016

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက စစ်တွေမြို့သို့ ရောက် ရှိစဉ် လေဆိပ်အနီးတွင် စစ်တွေဒေသခံ ပြည်သူများက ဆန္ဒထုတ်ဖော် မှုများ ပြုလုပ်ခဲ့ကြသည်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့အား စစ်တွေလေဆိပ်တွင် ဒေသခံများက “ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အဖွဲ့ အလိုမရှိ”၊ “ရခိုင်ပြည်နယ် လွှတ်တော် ဆုံးဖြတ်ချက်ကို မချိုးဖောက်နှင့်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီမှ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေ က The Ladies သို့ ပြောသည်။

 

“ကျွန်တော်တို့ ဆန္ဒပြတာ။ ဒီဟာဒုတိယအကြိမ်ပေါ့၊ ကိုဖီအာနန် ပထမအကြိမ်ရောက်တဲ့ အချိန်တုန်း ကလည်း ရခိုင်အမျိုးသားပါတီ စစ်တွေမြို့ကပဲ ကမကထ ဦးဆောင်ပြီး ဌာနေ တိုင်းရင်းသား ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ကော်မရှင် ဖျက်သိမ်းပေးပါ၊ ကော်မရှင်အလိုမရှိဆိုပြီး ဆန္ဒပြခဲ့တယ်၊ ကျွန်တော်တို့ ဒေသခံတွေရဲ့ ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေ လို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်” ဟု ဦးအောင်သန်းဝေ က ပြောသည်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လွှတ်တော်၊ ရခိုင်လူမှုအသင်း အဖွဲ့ များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ဘူးသီးတောင်၊ မောင် . တာ၊ မြေ ပုံမြို့နယ်သို့ သွားရောက်ကာ နှစ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ ဆုံမည် ဖြစ်သည်။ မြောက်ဦးမြို့သို့ ဒီဇင်ဘာ ၄ ရက်တွင် သွားရောက် မည် ဖြစ်ပြီး ညနေပိုင်းတွင် စစ်တွေမှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းထွန်း

Photo - Rakhine Gazette Page

The Ladies News

No comments: