Friday, December 2, 2016

ဆိုင်ကလုန်းမုန်တိုင်း ''နာဒါ'' မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ



Posted: December 2, 2016

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေ သော ဆိုင်ကလုန်းမုန်တိုင်း ''နာဒါ'' (Nada)သည် အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ်ဖြစ်သို့ အားလျော့သွားခဲ့ကာ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ တောင်ဘက် မိုင် ၁၄ဝ ခန့် ပဒူချယ်ရီမြို့၏ တောင်- အရှေ့တောင် ဘက် ၇၅ မိုင်ခန့်အကွာနှင့် သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့၏ မြောက် - အနောက် မြောက်ဘက် မိုင် ၁၄ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

မုန်တိုင်းငယ်သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားမည်ဟု ခန့်မှန်းရကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

 

မုန်တိုင်းငယ်သည် မြောက်လတ္တီကျု ၁ဝ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈ဝ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁ဝဝ၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အဆိုပါမုန်တိုင်းငယ် သည် နောက် ၂၄ နာရီ အတွင်း အိန္ဒိယနိုင်ငံ တမီနာဒူးကမ်းခြေမြောက်ပိုင်း ကို ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

 

The Ladies News

No comments: