အောင်လံဒေသတွင် တွေ့ရှိရသော အ၀ါရောင်လိပ်ပြာငယ်များ (ဓာတ်ပုံ − လင်းသက်နိုင်)
မကွေးတိုင်းအောင် လံမြို့နယ်ရှိ နေအိမ်များတွင် အဝါ ရောင်လိပ်ပြာငယ်များကျရောက် မှုဖြစ်ပွားနေပြီး အဆိုပါလိပ်ပြာ အဝါများကို ထိမိကိုင်မိသည့် လူများ၌ အရေပြားယားယံမှုများဖြစ် ပွားနေကြောင်း သတင်းရရှိသည်။
အဝါရောင် လိပ်ပြာများက ထိကိုင်မိသူကို အရေပြားယားယံ မှုဖြစ်ပွားစေသည်သာမက ၎င်းတို့ခိုနားခဲ့သည့် အဝတ်အထည်များ ကို ဝတ်ဆင်မိသူများတွင်လည်း အရေပြားယားယံမှု ဖြစ်ပွားနေ ကြောင်း အောင်လံမြို့ ကျေးကုန်း ရပ်ကွက် ဒေသခံတစ်ဦးက ဆို သည်။
‘‘အရင်နှစ်တွေကပဲစင်းငုံပေါ် ချိန်ဆိုရင် ဒီလိုအဝါရောင်လိပ်ပြာ လေးတွေ တွေ့တတ်တယ်။ တစ် ကောင်စ နှစ်ကောင်စလောက်ပဲ။ အခုက အရမ်းများလာတာ။ ညဆိုမီးထွန်းထားရင် အရမ်းလာတာ အဲဒီအကောင်လေးတွေက ထိရင် ကိုယားတာ၊ ကိုက်တာ မဟုတ် ဘူး။ အခု ရပ်ကွက်ထဲမှာ နှစ်ယောက်ရှိပြီ ယားပြီး အဖုတွေ ပျဉ်လိုက် ထွက်လာလို့ ဆေးထိုးနေရတာ’’ ဟု အောင်လံမြို့ ဇေယျ ဝတီရပ်ကွက်မှ လိပ်ပြာကောင် များကြောင့် အရေပြားယားယံမှု ခံစားခဲ့ရသူ ဒေါ်ဝါဝါက ပြော ကြားသည်။
အောင်လံမြို့နယ်အတွင်း အဝါရောင် လိပ်ပြာငယ်များကို ဒီဇင်ဘာ ၂၀ ရက်ခန့်က စတင်တွေ့ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအပြင် နံဇူပင်၊ ပြလို့၊ ပြင်းပေါက်နှင့် မအူခုံကျေးရွာများ၌လည်း အဆိုပါ အဝါရောင်လိပ်ပြာငယ်များ ကျရောက်မှု များပြားလာကြောင်းနှင့် ထိမိ၊ ကိုင်မိသည့် ကလေးငယ်အချို့နှင့် လူကြီးအချို့အရေပြားယားယံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
အဝါရောင် လိပ်ပြာငယ် လေးများ၏ကိုယ်ပေါ်တွင် အမွေး အမှင်နုနုလေးများဖုံးအုပ်ထားပြီး ထိမိကိုင်မိသူများ၏အရေပြားကို စူးမိခြင်းကြောင့် ယားယံခြင်းများ ဖြစ်ပေါ်ရကြောင်း အောင်လံမြို့မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကြည်ဝင်းက ပြောသည်။
‘‘ဟုတ်တယ်ဗျ။ အခုနှစ်ရက် သုံးရက်ရှိပြီ။ သာမန်ပေါ့။ အပေါ် ယံအရေပြား အလာ့ဂျစ်ပုံစံဖြစ် လို့ လာကြတာတွေ ရှိတယ်။ မေး ကြည့်တော့ အဲဒီလိုအဝါရောင် လိပ်ပြာလို အကောင်လေးတွေ ထိမိလို့ ကိုင်မိလို့ဖြစ်ကြတာ၊ က လေးတွေ အများဆုံး လာကြပါ တယ်။ တစ်ရက်နှစ်ယောက်၊ သုံး ယောက်တော့ရှိမယ်။ အပြင်းအ ထန်ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဆေးဝါးကုသမှုတစ်ခါလောက်ပဲ ပေးရင် ပျောက်ကြပါတယ်’’ဟု ၎င်းက ဆိုသည်။
လိပ်ပြာငယ် ကလေးများ သည် ရာသီဥတု မညီမျှခြင်းများကြောင့် ပေါများလာခြင်းဖြစ်ပြီး ယခုထက် ပိုမိုများပြားလာပါက စပါးနှင့်ဆောင်းသီး နှံစိုက်ခင်းများကို ကိုက်ဖြတ်ဖျက်ဆီးမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် အမြဲမပြတ်စောင့်ကြည့်နေကြောင်း အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဌေးမောင်က ပြောသည်။
7day
No comments:
Post a Comment