ပုလဲမြို့နယ်တွင် မိဘများ နေအိမ်တွင် မရှိခိုက် န၀မတန်းကျောင်းသူတစ်ဦး အိမ်ခြံဝင်း အတွင်း သရက်ပင်၌ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ချင်ပြစ်နယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။
ပုလဲမြို့နယ် ရေသာကျေးရွာ တွင်နေ အသက်(၁၇) နှစ်အရွယ် န၀မတန်းကျောင်းသူတစ်ဦးသည် ဒီဇင်ဘာ ၂၃ရက် ည ၇နာရီခန့်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ချင်ပြစ်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်ဝင်းကပြောကြားသည်။
‘‘မိဘတွေက ကျေးရွာ အ တွင်း အလှူတစ်ခုကိုသွားနေ တာ။ မိဘတွေအပြင်သွားနေတဲ့အချိန် မှာနေအိမ်ခြံဝင်းထဲက သစ်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာပါ။ ကြိုး ဆွဲချသေဆုံးရခြင်းရဲ့ အကြောင်း ရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်ပါ တယ်။ ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ပြီး စစ်ဆေးနေပါတယ်’’ဟု ရဲ အုပ်ကျော်ဝင်းက ပြောသည်။
အဆိုပါ န၀မတန်းကျောင်း သူသည် မိဘများအပြင်သွားနေ ခိုက် အိမ်ခြံဝင်းအတွင်းရှိ ၂၅ပေခန့်မြင့်သည့် သရက်ပင်၏ သစ်ကိုင်းတွင် အရှည် ရှစ်ပေခန့်ရှိသော နွားချည်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
7day
No comments:
Post a Comment