Monday, December 26, 2016

လမ်း​လျှောက်​​နေသူ တစ်​ဦး အမျိုးအမည်​မသိ ယာဉ်​တိုက်​မှု​ ကြောင့် သေဆုံး


 


ဝေါ ဒီဇင်​ဘာ (၂၅)

ယခုနှစ်​ဒီဇင်​ဘာ (၂၅)ရက်​ မနက်​ (၅) နာရီ​ကျော်​အချိန်​ခန့်က ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့ နယ်​ ပိုင်​ ရန်​ကုန်​ ​မော်​လမြိုင်​ ကားလမ်းမကြီး မိုင်​တိုင်​အမှတ်​ (၆၉/၇ နှင့်​ ၇၀/၀)ကြား တံတားအမှတ်​ (၂/၇၀)အနီးတွင်​ အမျိုးသားတစ်​ဦး လမ်း​ဘေး၌ လဲကြ​သေဆုံး​နေ​ကြောင်းအသိ​ပေးအ​ကြောင်းကြားသဖြင့်​မြို့ မရဲစခန်းမှတာဝန်​ရှိသူများသွား​ရောက်​စုံစမ်းစစ်​​ဆေး ခဲ့​ကြောင်းသတင်းရရှိသည်​။


သေဆုံးသူအမျိုးသားမှာ ​ဝေါမြို့ ​အေးချမ်းသာယာရပ်​ကွက်​ ​အေးချမ်း (၃) လမ်းတွင်​​နေထိုင်​သူ အ​နှေးယာဉ်​လုပ်​သားကို​သောင်း​ငွေ(ခ)ကို​ပေါ်ကြီးဆိုသူ ဖြစ်​​ကြောင်းသိရှိရပြီးကားလမ်းမကြီး​ဘေးတွင်​ လမ်း​လျှောက်​လာစဉ်​ ​နောက်​မှ အမည်​မသိယာဉ်​တစ်​စီး မှဝင်​​ရောက်​တိုက်​မိခြင်းဖြစ်​​ကြောင်း​သိရှိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပက်​သက်​၍ ​ရဲအုပ်​သန်းမြင့်​မှတရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​​ဝေါမြို့ မရဲစခန်းမှ ယာဉ်​(ပ)၄၈/၂၀၁၆ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄ - က ဖြင့်​အမှုဖွင့်​လှစ်​ထားပြီး အမျိုးအမည်​မသိယာဉ်​နှင့်​ယာဉ်​​မောင်းအားစုံစမ်း​နေ​ကြောင်းဆက်​လက်​သိရှိရသည်​။

Admin - Nyo Gyi ( Waw Media)

No comments: