ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ကာတန်ဒူအန်းပြည်နယ်မှာ မနေ့ညနေက တစ်နာရီ မိုင် ၁၄၀ ကျော် လေတိုက်နှုံးနဲ့ Nock-Ten ခေါ် နီနာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားလို့ ခရစ်စမတ်ပွဲတော် အခမ်းအနားတွေ ပျက်ပြီး လူတွေ တစ်သိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီမုန်တိုင်းကြီးကြောင့် လူဦးရေ ၅ သန်းလောက်ရှိတဲ့ အဲဒီအရပ်မှာ ထက်ဝက် ကျော်ကျော်လောက်ဟာ မနေ့ညက လျှပ်စစ်မီး လုံးဝမရှိဘဲ နေခဲ့ကြရပြီး လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို မသိရသေးဘူးလို့ အာဏာပိုင်တွေ က ပြော ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေ က မုန်တိုင်းကြီး မရောက်မီကထဲက လေပြင်းတွေကြောင့် အမြင့် ၈ ပေလောက်ရှိတဲ့ လှိုင်းလုံးကြီးတွေ ပေါ်ထွက်လာနိုင်တယ်ဆိုပြီး လူတစ်သိန်းလောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားခဲ့ ပါတယ်။
မုန်တိုင်းဟာ လူနေထူပြောတဲ့ မနီလာမြို့တော် တောင်ပိုင်းကို ဦးတည်ရွေ့လျားနေပြီး တနင်္လာနေ့ မွန်းလွဲပိုင်းလောက်မှာ အားနဲနဲပျော့သွားနိုင်တယ်လို့ မိုလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
RFA Burmese

No comments:
Post a Comment