Monday, December 26, 2016

ပြင်းအား ၇.၆ ရှိ ငလျင်ပြင်းတစ်ခု ချီလီ၌ လှုပ်ခတ်



ပေကျင်း၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် ၁၀း၂၂ နာရီ က ရစ်ခ်ျတာစကေး ၇.၆ ပမာဏရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ကထုတ်ပြန်သည်။


အဆိုပါငလျင်သည် တောင်လတ္တီကျု ၄၃.၃၈ ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၃.၈၁ ဒီဂရီကို ဗဟိုပြု၍ မြေပြင်အနက် ၄၀ ကီလိုမီတာ ၌လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စင်တာက ကနဦး တိုင်းထွာချက်များအရ ငလျင်သည် ပြင်းအား ရစ်ခ်ျတာစကေး ၇.၅ ပမာဏရှိကြောင်း အစောပိုင်းကပြောကြားခဲ့သည်။

(Xinhua)
China Xinhua News

No comments: