Friday, December 2, 2016

ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှု ကန်ဒေါ်လာ တစ်ဘီလီယံကျော် ဝင်ငွေကျဆင်း

ယခုဘဏ္ဍာနှစ်အစ ဧပြီ မှ အောက်တိုဘာလကုန်အထိ ခုနစ်လတာကာလအတွင်း ပြည်ပ နိုင်ငံများသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတွင် တင် ပို့ထားသည့် ပမာဏနှင့်နှိုင်းယှဉ် ပါက ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် လျော့နည်းနေ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလ တူတွင် ပြည်ပနိုင်ငံများသို့ သဘာ ဝဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်ရရှိခဲ့ ကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

သဘာဝဓာတ်ငွေ့ကို ထိုင်း နှင့်တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ပြီး ထိုင်းနိုင်ငံသို့ ပမာဏအများ ဆုံးတင်ပို့ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး  တစ်ဦးက  ပြောကြားသည်။

 သဘာဝဓာတ်ငွေ့ ပါဝင် သည့် စက်မှုကုန်ချော တင်ပို့မှု သည် ကန်ဒေါ်လာ သုံးဘီလီယံ အထိရှိပြီး ယခင်ဘဏ္ဍာနှစ်ကာ လတူတွင် တင်ပို့ထားသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်းလေးရာခန့် လျော့နည်းနေ ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်း များအရ သိရသည်။

ကုန်သွယ်မှုကာလခုနစ်လ တာအတွင်း ပြည်ပနိုင်ငံများသို့ ကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိသည့် ပို့ကုန်များတင်ပို့ ထားပြီး ပြည်ပနိုင်ငံများမှ ကန် ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံတန် ဖိုးရှိသည့် သွင်းကုန်များ ပြန်လည် တင်သွင်းထားသည်။

ခုနစ်လတာအတွင်း ကုန် သွယ်မှုပမာဏကို နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂ ဘီလီယံအထိ လို ငွေပြနေကြောင်း ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။

မြန်မာကုန်းတွင်းလုပ်ကွက် များက တစ်နေ့လျှင် သဘာဝဓာတ် ငွေ့ကုဗပေသန်း ၆၀ ခန့် ထွက်ရှိ ကာ ကမ်းလွန်လုပ်ကွက်များက တစ်နေ့လျှင် ကုဗပေသန်း ၂,၀၀၀ ခန့် ထွက်ရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန စာရင်းများအရ သိရ သည်။

 မြန်မာနိုင်ငံသည် တစ်ရက် လျှင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၁,၆၅၀ ခန့် တင်ပို့လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

No comments: