Sunday, November 6, 2016

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဆုကြေးငွေထပ်ဆောင်း ချီးမြှင့်မည်

ယမန်နှစ်ကကျင်းပခဲ့သော တောင်ကြီးမီးပုံးပျံပွဲ ညဘက်မြင်ကွင်း (ဓာတ်ပုံ −ဂျွန်ချစ်ငြိမ်း)

 တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအဖွဲ့များအား ဆုကြေးထပ်ဆောင်း ချီး မြှင့်မည်ဟု တောင်ကြီးတန်ဆောင် တိုင် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မ တီမှ သတင်းရရှိသည်။

နေ့လွှတ်အရုပ်၊ ညလွှတ်ည မီးကြီး၊ စိန်နားပန်စသည့် ပြိုင်ပွဲဝင်မီးပုံးပျံများ ဆုရရှိပါက ဆုကြေးငွေများအပြင် ထပ်ဆောင်း ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း ၅၀၀ချီးမြှင့်မည်ဟု တောင်ကြီး တန် ဆောင်တိုင်ပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးတင် ၀င်းက ပြောသည်။

‘‘တန်ဆောင်တိုင်ပြိုင်ပွဲမှာ ဆုရတဲ့မီးပုံးပျံတွေကို ပြည်နယ်အစိုး ရအဖွဲ့က ချီးမြှင့်ပေးတဲ့ ဆုကြေး ငွေအပြင် ကုမ္ပဏီတစ်ခုကနေ တန်ဆောင်တိုင်ပွဲကို ချစ်မြတ်နိုး လို့ ဒီလိုဆုကြေးတွေပေးဖို့ ကမ်း လှမ်းလာတာဖြစ်တယ်’’ဟု ဦးတင် ၀င်းက ပြောကြားသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က တောင်ကြီးတန်ဆောင်တိုင်ပြိုင်ပွဲ ၀င် မီးပုံးပျံများကို ပြိုင်ပွဲဝင်အမျိုး အစားလိုက် ပထမဆုမှ ဒသမဆု အထိ ဆုငွေစုစုပေါင်းကျပ်သိန်း ၅၀၀ ချီးမြှင့်မည်ဖြစ်ပြီး ထပ်တိုး ဆုငွေပေါင်းပါက ဆုကြေးငွေစုစု ပေါင်း ကျပ်သိန်း ၁,၀၀၀ ရှိသည်ဟု တောင်ကြီးတန်ဆောင်တိုင် ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

ယင်းအပြင် ဆုရရှိခြင်းမရှိ သည့် ညမီးကြီး၊ စိန်နားပန် အမျိုးအစားပြိုင်ပွဲဝင် မီးပုံးပျံများကိုလည်း နှစ်သိမ့်ဆုကြေးများ ချီးမြှင့်မည်ဖြစ်သည်။

‘‘ဒီတစ်နှစ်က ဆုကြေးလည်း များတော့ ပြိုင်ပွဲဝင်မီးပုံးပျံ အလုံး တွေ အမှတ်ပေးအကဲဖြတ်တဲ့နေရာမှာ အဂတိလိုက်စားမှု မရှိ အောင်လည်း သေချာ ဂရုစိုက် ဆောင်ရွက်သွားပါမယ်’’ဟု ဦးတင် ၀င်းက ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ ဆယ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်၊ ညလွှတ်ညမီးကြီး၊ စိန်နားပန်အ စရှိသည့် ပြိုင်ပွဲ ၀င် မီးပုံးပျံအမျိုးအ စားအလိုက် မီးပုံးပျံ ၄၀၃ လုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments: