မောင်တောမြို့အ၀င် မုခ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် မိမိတို့တာ ၀န်ကျသည့် နေရာများတွင် ပြန် လည်တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ ကြောက်လန့် စိုးရိမ်နေကြပြီး မြို့ပေါ်သို့လာရောက်ခိုလှုံရန် ဆန္ဒရှိနေကြကြောင်း သတင်းရရှိသည်။
‘‘နိုရူလာ ရဲကင်းစခန်းကို အ ကြမ်းဖက်သမားတွေ ၀င်တိုက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်လို့ သတင်းကြားကတည်းက ဆရာမ တွေ ငိုနေကြပါတယ်။ တာဝန်အ ရ မသွားမဖြစ်လို့ သွားနေရတာ ဖြစ်ပါတယ်။ စိတ်ကတော့ လုံးဝ လုံခြုံမှုမရှိသေးပါဘူး။ မြို့ပေါ်ကိုပဲ ပြန်လာချင်နေပါတယ်’’ ဟု အ လယ်သံကျော် အထက်တန်းကျော်မှ ဆရာမတစ်ဦးက ပြောသည်။
မောင်တောမြို့နယ်တောင် ပိုင်း နိုရူလာကျေးရွာကို နိုဝင်ဘာ ၃ ရက်က အကြမ်းဖက်သမားများဝင် ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ် ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တို ဘာ ၉ ရက်က အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် ပိတ်ထားခဲ့ သည့် ကျောင်းများအနက် မြို့ပေါ် ကျောင်းများနှင့် ခြေကုပ်စခန်းများတည်ရှိသည့် ကျောင်းများကို အောက်တိုဘာလကုန်နှင့် နိုဝင် ဘာလဆန်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဒေသများတွင် တာဝန်ကျနေ သည့် ဆရာ၊ ဆရာမများ သွား ရောက် တာဝန်ထမ်းဆောင်နေ သည်။
‘‘လက်နက်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုတောင် ဒီလိုမျိုး တိုက်ခိုက်နေတယ်ဆိုရင် ကျွန်မ တို့လို လက်နက် မရှိသူတွေအ တွက် တာဝန်ရှိသူတွေ စဉ်းစားပေး သင့်ပါတယ်။ အခြေအနေအတိုင်း အတာတစ်ခုထိတော့ လုံခြုံတဲ့နေရာမှာပဲ နေချင်ပါတယ်’’ ဟု တောင်ပြိုလက်ဝဲမြို့တွင် တာဝန် ကျနေသည့် မူလတန်းကျောင်း အုပ်ဆရာမတစ်ဦးက ပြောကြားသည်။
မောင်တောမြို့နယ် နယ်ဝေး တွင် တာဝန်ကျနေသည့် ဆရာ၊ ဆရာမများဖြစ်ပေါ်နေသည့် စိုးရိမ်စိတ်နှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဟု မောင်တောခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာ ၃ ရက်က နိုရူလာရဲ ကင်းစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ် သက်၍ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများလည်း စိုးရိမ် စိတ်များ ပြန်လည် ဖြစ်ပေါ်လာ ကြောင်း ကြိမ်ချောင်း တိုက်နယ် ၌ တာဝန်ကျနေသည့် ကျန်းမာ ရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
No comments:
Post a Comment