Sunday, November 6, 2016

ပိုက်​ဆံခိုးသည်​ဟု စွပ်​စွဲကာ ၆တန်း​ကျောင်​သားအား မတရား ရိုက်​နှက်​မှုဖြစ်​ပွား ------------------------------


စစ်​ကိုင်းတိုင်း ကန်​ဘလူ မြို့နယ်​ ၀က်​တိုး​မြောက်​​ကျေးရွာအုပ်​စု  ​​ညောင်​​ပေါင်​ရင်း​ကျေးရွာ​နေ
(ဘ) ဦး​မောင်​ချို  (မိ) ​ဒေါ်ညွန့်​ပို တို့၏သား
မောင်​​ဝေမျိုး ဦး   (၆) တန်း​ကျောင်းသားသည်

ကန့်​ဘလူမြို့နယ်​ ကာဘိုး စံပြ​ကျေးရွာ ရှိ
အင်​အားမြှင့်​  ​ဘော်​ဒါရှိ  ဆရာတစ်​ယောက်​မှ
2.11.2016 ​နေ ည အချိန်​မှ ပိုက်​ဆံခိုးသည်​  ဆိုကာ  မျက်​နှာအား လက်​သီးဖြင့်​ ၃ချက်​ ထိုးနှက်​ သံပိုက်​ဖြင့်​ ​ခြေသလုံးတို့အား ရိုက်ပီး က​လေးရဲ့ မိဘများထံ ဖုန်းဆက်​ပီ  ပိုက်​ဆံခိုး​ကြောင်း လာ​ခေါ်ကြပါရန်​  ဖုန်းဖြင့်​ ဆက်​သွယ်​ သဖြင့်​ 3.11.2016 နေနံနက်​မှာ  မိဘများသွား​ခေါ်ပီ အပြန်​မှာ  ​ကျောင်းသားဖြစ်​သူ  ​မောင်​​ဝေမျိုးဦးမှ ဖြစ်​​ကြောင်းအကုန်​​ပြောပြသည်​မှာ

" သားကို ပိုက်​ဆံခိုးတယ်​​ပြောပီးလက်​သီးနဲ့ထိုး
ပိုက်​နဲ့၊ရိုက်ပြီး​တော့  ငါတို့ က ရိုက်​တယ်​​ပြောရင်​ ဇီးကုန်း ရဲစခန်​ကို  ဖမ်းခိုင်းမယ်​  မင်းတို့မိဘ​တွေ​ပြောရင် မင်းတို့ကို သတ်​မှာလို့ ခြိမ်း​ခြောက်​သဖြင့်​ က​လေးမှာ ​ကြောက်​ရွံ့စွာ​ရှိ​နေသည်​ ယ​နေ့  က​လေးမှာ  လက်​သီးနှင့်​ ထိုးထားသည့်​ဒဏ်​ရာ ​ကြောင့်​  မျက်​စိ မဖွင့်နိုင်တော့ပါ

လူမဆန်​စွာ  ရိုက်​နှက်​​သော အင်​အားမြှင့်​​ဘော်​ဒါ
အ​နေဖြင့်​  7.112016 ​နေ့မနက်​ဖန်​မှာ လာ​ရောက်​ပြီး
တာဝန်​ယူမှု တာဝန်​ခံမှု မရှိလျှင်​ ​ကျောင်းသားမိဘများ အ​နေဖြင့်​ အမှုဖြင့်​ ဖွင့်​ သွားမည်​ဟု ကျွန်​​တော်​ထံသို့  ဆက်​သွယ်​ အ​ကြောင်းကြားအကူညီ ​တောင်းထားပါဖြင့်

ကျွန်​​တော်​ထဲမှ သူငယ်​ချင်းများအ​နေဖြင့်​ က​လေး သူငယ်​ များ မတရား ရိုက်​နှက်​ခြင်းမှ ကင်း​ဝေး​စေရန်​ ဝိုင်းဝန်းကူညီ ​ပေးကြပါရန်

Credit  >> ( စိုး လင်း )

No comments: