Thursday, November 3, 2016

မောင်တောဒေသခံများ ဘဝရပ်တည်ရေး ရေရှည် အကူအညီ လိုအပ်

 မောင်တော အ ကြမ်းဖက်မှုကြောင့် ယာယီနေရပ် စွန့်ခွာခဲ့သူများနှင့် နေရပ်စွန့်ခွာ ခြင်းမရှိသော ဒေသခံများအတွက်  အလုပ်အကိုင် အခွင့်အလမ်းအပါ အဝင် ရေရှည်ကူညီဆောင်ရွက် ပေးမှုများ လိုအပ်နေကြောင်း ဒေ သခံများက ပြောသည်။

အောက်တိုဘာ ၉ ရက်က အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် မောင်တောမြို့နယ် ကျေးရွာအ များစုက ဒေသခံသုံးထောင်ကျော် သည် လုံခြုံရေး  စိုးရိမ်မှုများ ကြောင့် မောင်တော၊ ဘူးသီး တောင်၊ စစ်တွေနှင့်မြောက်ဦးမြို့ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။

 ယင်းသို့ ထွက်ပြေးတိမ်း ရှောင်နေသူများနှင့် ကျေးရွာများ တွင် ကျန်နေခဲ့သည့် ဒေသခံများ အတွက် ဒေသတွင်း လူမှုကူညီ ရေးအဖွဲ့များက စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများကို လာရောက် ကူညီပေးနေသော် လည်း ရေရှည်ဆောင်ရွက်ပေး မည့် အစီအစဉ်များ ချမှတ်ခြင်းကို မတွေ့ရသေးကြောင်း အောင်ဇေ ယျကျေးရွာမှ ဒေသခံ ဦးကျော် ကျော်ဦးက ပြောသည်။

‘‘လက်ရှိ  အချိန်မှာ ကူညီ ထောက်ပံ့ရေးအဖွဲ့တွေ ဒလ ဟောဝင်ရောက်နေတဲ့အတွက် စားသောက်ရေးတွေ အဆင်ပြေ နေကြပေမယ့် အလှူမရောက်တဲ့ အချိန်မှာ ကိုယ်ပိုင်ဝင်ငွေရှာဖွေ နိုင်ဖို့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ လိုအပ်နေပါတယ်’’ဟု ၎င်းက ဆို သည်။

လက်ရှိ မောင်တောမြို့နယ် တွင် လုံခြုံရေးအခြေအနေအရ ငါးရှာ၊ ကဏန်းထောင်၊ ထင်းခွေ စသော လက်လုပ်လက်စားများ အလုပ်လက်မဲ့ဖြစ်နေကြပြီး ၎င်း တို့အတွက် နေ့စဉ်ဝင်ငွေရရှိရန် အလုပ်အကိုင်များ လိုအပ်နေ ကြောင်း ဒေသခံများက ပြော ကြားသည်။

မောင်တောဒေသခံများ ရေ ရှည်ဘဝရပ်တည်နိုင်ရန် ပြည်နယ် အစိုးရအဖွဲ့က ရေငန်တားတာတ မံများ ဖော်ဆောင်နိုင်သည့် နေရာ များတွင် တမံများဆောင်ရွက်ပေး မည်ဖြစ်ပြီး ယင်းတမံများကြောင့် ထွက်ပေါ်လာသည့် လယ်ယာမြေ များကို ဒေသခံများအား လုပ်ကိုင် ခွင့်ပေးမည်ဟု ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

No comments: