တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အထူးပွဲကြည့်စင်များ ပြန်လည်ဖျက်သိမ်းနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးတန် ဆောင်တိုင်ပွဲကျင်းပရာ အဝေရာ မီးပုံးပျံကွင်းရှိ အထူးပွဲကြည့်စင် များကို အောက်တိုဘာ ၂ ရက် မွန်းလွဲတွင် စတင်ဖျက်သိမ်းနေပြီဖြစ် သည်။
အလျား၊ အနံပေ ၂၀၀ နှင့် ၁၀၀ ပတ်လည်ရှိ အထူးပွဲကြည့် စင် အခန်း ၁၅၀ ကျော်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု အထူးပွဲကြည့်စင် တည်ဆောက်ခွင့် ရရှိ ထားသည့် ချယ်ရီကွင်း ဟိုတယ် လုပ်ငန်းအုပ်စုမှ ဆောက်လုပ်ရေး မန်နေဂျာ ဦးမောင်လတ်က ပြောသည်။
‘‘အများပြည်သူတွေက မလို လားတဲ့အတွက် ကျွန်တော်တို့အ ကျိုးစီးပွားကို မကြည့်ဘဲ ပြန်ဖျက် သိမ်းပေးနေတာပါ။ နောက်တန်း နှစ်ဆောင်ပဲ ချန်ထားပေးပါမယ်။ ကျန်တဲ့ အဆောင်တွေမှာလည်း ပြည်သူတွေ အခမဲ့ကြည့်ရှုနိုင်ပါ တယ်’’ဟု ဦးမောင်လတ်က ပြော ကြားသည်။
ဖျက်သိမ်းပြီးသွားပါက လည်း အများပြည်သူအဆင်ပြေ စွာ ကြည့်ရှုနိုင်ရန် ဘူဒိုဇာဖြင့် မြေထိုးကာ ပြင်ဆင်ပေးမည်ဟု ၎င်းကထပ်မံပြောကြားသည်။ အထူးပွဲကြည့်စင်ဆိုင်ခန်းများ တည်ဆောက်လုပ်ပိုင်ခွင့်ကို ချယ်ရီကွင်းဟိုတယ်လုပ်ငန်းအုပ်စုက ကျပ်သိန်းနှစ်ရာဖြင့် ရယူထားခြင်းဖြစ် သည်ဟု တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ကျင်းပရေးကော်မတီ မှ သိရသည်။
မူလကအထူးပွဲကြည့်စင်များ တည်ဆောက်ကာ အခန်းခတစ်ည လျှင် ကျပ်သုံးသောင်း၊ ကျပ်လေးသောင်းဖြင့် ငှားရမ်းရန် စီစဉ်နေ မှုကို တောင်ကြီးဒေသခံများက ၀ိုင်းဝန်းကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့၍ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် ဝေဖန်ခံခဲ့ရသည်။
‘‘အခုဒီလိုဖျက်ပေးတယ်ဆို တော့ လူထုအသံကို အလေးထား တယ်လို့ စိတ်ထဲခံစားမိတယ်။ လူ ထုအသံကို နားထောင်ပေးတဲ့ စီး ပွားရေးလုပ်ငန်းရှင်နဲ့ ဒေသအစိုး ရကိုရော ကျေးဇူးတင်တယ်’’ဟု အထူးပွဲကြည့်စင်ကို ကန့်ကွက်မှု ဦးဆောင်ခဲ့သည့် ဒေါ်ချိုမြဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက် မှ ၁၅ ရက်အထိ ဆယ်ရက်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်၊ ညလွှတ်ညမီးကြီး၊ စိန်နားပန်အ စရှိသည့် ပြိုင်ပွဲဝင်မီးပုံးပျံအလုံးရေ ၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင် မည် ဖြစ်သည်။
No comments:
Post a Comment