Wednesday, November 23, 2016

ရေသန့်ဘူးများကိုရေပြန်ဖြည့်ပြီး မသုံးသင့်ကြောင်းသိပ္ပံပညာရှင်များသတိပေး

    

လူ့အသုံးဆောင်ပစ္စည်းတွေ ပေါပေါများများ ထုတ်လုပ်သုံးစွဲလာခဲ့ကြတဲ့ တစ်လျှောက်မှာ ရေသန့်ဘူးတွေဟာလည်း လူအဖွဲ့အစည်းကြီးတစ်ခုထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့တစ်တွေဟာ တစ်ခါသုံးရေသန့်ဘူးတွေကို နောက်အသစ်တစ်ခု မ၀ယ်ခင်အထိ လိုအပ်တဲ့ ရေကိုဖြည့်ပြီး ဆက်လက်သုံးစွဲနေခဲ့ကြတာ တော်တော်လေး ကြာမြင့်တဲ့ အချိန်ကို ရောက်နေပါပြီ။ အဲဒီလို လုပ်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်သလားဆိုတော့ … အားလုံးက ပြန်ဖြေကြပါလိမ့်မယ် … သူများတွေလည်း ဒီလို သုံးနေတာပဲ … ဘေးထွက်ဆိုးကျိုးဖြစ်မယ်ဆိုရင် အကုန်ဖြစ်မှာပေါ့ … လို့ ဖြေကြပါလိမ့်မယ်။ သို့သော် …. ဒီလို တစ်ခါသုံးရေသန့်ဘူးတွေကို ရေတွေ ထပ်ခါထပ်ခါ ဖြည့်ပြီး သုံးစွဲဖို့ မသင့်ကြောင်း Canadian Journal of Public Health ရဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန် အသိပေးခဲ့ပါ
တယ်။

သုတေသနပြုလုပ်ခြင်း

Canadian Journal of Public Health အဖွဲ့ဟာ ကျောင်းသားတွေ မကြာသေးခင်အချိန်မှာ သုံးစွဲပြီး လွှင့်ပစ်လိုက်တဲ့ ရေသန့်ဘူး 76 ဘူးကို ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ ရေသန့်ဘူး 51 ဘူးမှာ ပြင်းထန်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်အချို့ကို တွေ့ရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီရေဘူးတွေဟာ သာမန်အားဖြင့် နောက်တစ်ကြိမ် ရေဖြည့် အသုံးမပြုရသေးတဲ့ အရာတွေဖြစ်ပြီး ဘာကြောင့် ဘက်တီးရီးယာနဲ့ ဗိုင်းရပ်ပိုးတွေ ရှိနေတာလဲဆိုတာကို ဆက်လက် အဖြေရှာခဲ့ပါတယ်။ အဖြေကတော့ ရေသန့်ဘူးတွေမှာ ပိုးသတ်ထားတယ်ဆိုတာ မှန်ပေမယ့် ပါကင်ဖွင့်လိုက်ပြီဆိုတာနဲ့ သာမာန် အခန်းအပူချိန်အတွင်းမှာ ဘက်တီးရီးယာနဲ့ ဗိုင်းရပ်ပိုးတွေဟာ လျှင်မြန်စွာ ဖောက်ဖွားတွယ်ကပ်နိုင်တယ်ဆိုတာကို ထပ်မံ တွေ့ရှိခဲ့ရပါတယ်။

အန္တရာယ်များ

အဲဒီကိစ္စနဲ့ပတ်သက်ပြီး University of Texas Health Center ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ Richard Wallace ကလည်း ထောက်ခံဆွေးနွေးထားပြီး ရေသန့်ဘူးတွေကို ရေဖြည့်ပြီး ပြန်လည်သုံးစွဲပါက ဘက်တီးရီးယားတို့ လူမှာ ကူး
စက်ပြီး ရောဂါတွေ ရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါလက္ခဏာဟာ အစာအဆိပ်သင့်ခြင်းကြောင့် ဖြစ်လာတဲ့ နေမကောင်းခြင်းဖျားနာခြင်းနဲ့ ဆင်တူပြီး၊ ပျို့ခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း၊ ဇောချွေးပြန်ခြင်း၊ ရုတ်တရက် ဖျားခြင်းတွေကိုပင် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒေါက်တာ Richard Wallace က ” ခင်ဗျားတို့ တစ်သက်မှာ တစ်ခါမှ မခံစားရဘူုးတဲ့ ဆိုးဝါးတဲ့ပျို့အန်ခြင်းကိုတောင် ခံစားရနိုင်ပါတယ် “လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်တွေဟာ တစ်ခါသုံး ရေသန့်ဘူးတွေကို နောက်တစ်ကြိမ် ဆက်လက်သုံးစွဲနေခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး၊ ရေသန့်ဘူးတစ်ခုထဲမှာပါတဲ့ ရေရဲ့ pH အရည်အသွေးကျမသွားအောင် သိုလှောင်ဖို့အတွက် သင့်တင့်တဲ့အပူချိန်နဲ့ ရေခဲသေတ္တာထဲမှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။

READ

မော်ဒယ်လ်ဘ၀မှာဆက်ရပ်တည်နိုင်ဖို့ ပရိသတ်ဆီအကူအညီတောင်းခဲ့သူ

လင်းဇော်ကို (Shwemom)

No comments: