Wednesday, November 23, 2016

အန္တာတိကရေခဲပြင်အောက်မှာ ဖုံးကွယ်နေတဲ့ ပိရမစ်ကြီးကို Google Earth တွင်တွေ့ရှိ

    

အန္တတိက ရေခဲပြင်အောက်မှာ ဖုံးကွယ်နေခဲ့တဲ့ မျက်နှာပြင်လေးဘက်ပါ ပိရမစ်ကြီးတစ်ခုကို Google Earth မှာ တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းဟာ သိပ္ပံပညာရှင်နဲ့ လူတော်တော်များများကို စိတ်ဝင်စားမှု အများကြီး ပေးခဲ့ပါတယ်။ အကြောင်းက
တော့ အန္တာတိကတိုက်ဟာ ပျမ်းမျှအပူချိန် အမြင့်ဆုံးအဖြစ် 15 ဒီဂရီစင်တီဂရိတ်အထိသာ ရှိပါတယ်။

ဒါကြောင့် အန္တာတိကတိုက်မှာ နွေရာသီဆိုရင် ပျမ်းမျှ လူခြောက်ထောင်ခန့်သာ နေထိုင်ပြီး ဆောင်းရာသီဆိုရင်တော့ လူတစ်ထောင်ခန့်သာ နေထိုင်တယ်လို့ သိရပါတယ်။ အဲဒီလို ရေခဲတွေ 12 ရာသီ ဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်မှာ ယခုလို ပိရမစ်ကြီးကို Goggle Earth က ရှာဖွေတွေ့ရှိတယ်ဆိုတာ အလွန်ထူးဆန်းနေပြီး၊ လူသောင်းချီအသုံးပြု တည်ဆောက်မှသာ ဒီလို ပိရမစ်ကြီးက တည်ရှိနိုင်တာမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဒိကိစ္စနဲ့ပတ်သက်ပြီး လူတွေက အတုကြီး၊ မဖြစ်နိုင်တာ၊ အကြံအဖန်တွေ စသည်ဖြင့် လူမှုကွန်ယက်တွေပေါ်မှာ အမျိုးမျိုး လှောင်ပြောင်ခဲ့ကြပါတယ်။ British Antarctic Survey မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Vanessa Bowman ကတော့ ဒီကိစ္စဟာ ဖြစ်နိုင်ချေရှိတယ်လို့ ထောက်ခံခဲ့ပါတယ်။

READ

တံထွေးကနေဖြစ်သွားတဲ့ကျောက်ခဲကို လျှာအောက်ကနေအတောင့်လိုက်ထုတ်ပြတဲ့သူ

Bowman က ” လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 100 လောက်က အန္တာတိကတိုက်ဟာ အခု နယူးဇီလန်နိုင်ငံလိုပဲ စိမ်းလမ်းတဲ့
မုတ်သုန်သစ်တောတွေ ဖုံးလွမ်းနေခဲ့ပါတယ် … ဒါဟာ ဖြစ်နိုင်ချေတွေထဲက တစ်ခုပါ “လို့ ပြောခဲ့ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒီ ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာတော့ ” ဒါက အတုကြီးပါ “လို့ ပြောတဲ့သူ ရှိသလို၊ အခြားတစ်ယောက်ကတော့ “လူတွေကို အရူးလုပ်နေတာပါ”လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

No comments: