Tuesday, November 1, 2016

#ရှမ်းပြည်နယ်အစိုးရကိုပြောပါရစေ

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ဆိုတာ တောင်ကြီးသူ/သားတွေ အနယ်နယ်အရပ်ရပ်က နိင်ငံသားတွေ တိုင်းရင်းသားတွေ အမြတ်တနှိုးတန်ဖိုးထား တဲ့ပွဲတစ်ပွဲလို့ ပြောနိင်ပါတယ်။မီးပုံးပျံ တစ်လုံးဖြစ်ပေါ်လာဖို့အတွက် ဝါသနာတူသူတွေ ပညာရှင် တွေ အားလုံး အချိန် နဲ့ငွေ လုပ်အားကို အရင်းပြုပြီး လက်လုပ်နည်းပညာကိုအခြေခံပြီး  လုပ်ဆောင်ကြရပါတယ်။
အနှစ်သာရ ရှိပြီး ဘာသာရေးပွဲ အသွင်မဆောင်ဘဲ စီးလုံးညီညွတ်မူ့ ချစ်ကြည် ရင်းနှီးမူ့ တိုင်းရင်းသားတွေရဲ့ဖေါ်ရွှေမူ့ တွေကို ဖေါ်ဆောင်တဲ့ပွဲတစ်ခု လို့လဲပြောနိင်ပါတယ်။
အရင်က မီးပုံးပျံပွဲကို မြို့မရဲစခန်း (ယခု အမှတ် ၁ ရဲစခန်း)  ဗိုလ်ချုပ် လမ်းမပေါ်မှာကျင်းပခဲ့ပြီး ဗိုလ်ချုပ်ပန်းခြံ ကျောက်တိုင်ကွင်း တောင်ကြီးမြို့ မြောက်ဖက် (ရပခ အနီး) ကနေ ၂၁၂ ကွင်း(စူဠာမှု့ဏိစေတီအနီး)နေရာကို ရွှေ့ပြောင်းခဲ့ပြီး ယခု အဝေယာကုန်းမြင့်သာယာ နေရာကို ရွှေးချယ်ခဲ့ပြီးကျင်းပခဲ့ပါတယ်။  တောင်ကြီးမြို့ မြောက်ဖက် မှာ ပွဲကျင်းပချိန်ကနေစပြီး
် ပွဲကျင်းပရေးကို ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူခဲ့ပါတယ် ။ အဲဒီအချိန်ကနေ ပွဲတော်ဟာ လေလံဆွဲသူတွေရဲ့လက်ံအောက်မှာ ရှင်သန်ခဲ့ရပြီး လောင်းကစားပွဲ ကြော်ငြာပွဲ ဘီယာပွဲ ကုပ္မဏီပွဲ နိက်ကလပ်ပွဲ အဖြစ် စတင်ခဲ့ပါတယ် ။တိုင်းရင်းသားဒေသရဲ့ ရိုးရာပွဲ တော် တစ်ခုကို ဖျက်ဆီးခဲ့တာကတော့ အစိုးရအဆက်ဆက် တာဝန်ရှိသူတွေ လို့ စွပ်စွဲပစ်တင်ခြင်ပါတယ်။
လေလံစနစ်ရဲ့အောက်မှာ အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေ ဟာ ဈေးနှုံးကြီးမြငိ့မူ့ဒဏ်ကိုခံစားကြရပါတယ် ပုံမှန်ရောင်းချဈေးထက် ၃ ဆ လောက် မြင့်တက်သွားပါတယ် စားသောက် တည်းခို နေထိုင်မူ့ အားလုံးပါ ။
ယခု အစိုးရသစ်လက်ထက်မှာ တစ်ခုခု ပြောင်းလဲသွားမလားလို့ တောင်ကြီးမြို့လူထုက မျှော်လင့်နေကြပေမဲ့ ပိုမိုဆိုးဝါးတဲ့ ပွဲကျင်းပမူ့ကို ကြုံတွေ့နေကြရတယ်လို့ ပြောဆိုနေကြပါပြီ။ အစိုးရသစ်အနေနဲ့  တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အကြောင်း အမြန်ဆုံး ပြန်လည်လေ့လာ သုံးသပ်ဖို့ လိုအပ်ပြီ လို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

လေးစားစွာ့ဖြင့်
ကိုမိုး

No comments: