HTC သည် mid-range Android ဟန်းဆက်ဖြစ်သော One A9s ကို IFA 2016 တွင် မိတ်ဆက်ကြေညာခဲ့သည်။
A9s တွင် ၅ လက်မ 720p LCD screen, MediaTek Helio P10 processor နှင့် 2,300mAh ဘက်ထရီတို့ ပါဝင်သည်။ 2GB RAM/16GB storage နှင့် 3GB RAM/32GB storage ဖြင့် ရရှိနိုင်သည်။ ကင်မရာက 13MP ဖြစ်ပြီး LED flash နှင့် f/2.2 lens ဖြင့် ရိုက်ကူးနိုင်သည်။
သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် HTC One A9s ကို အနက်ရောင်၊ ရွှေရောင်နှင့် ငွေရောင်ဖြင့် ရရှိနိုင်သည်။ တန်ဖိုးမှာ ၃၉၉ ဒေါ်လာ ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းထံ တင်ပို့ရောင်းချမည်ဟု HTC မှ ပြောကြားခဲ့သည်။
Ref: Wired

No comments:
Post a Comment