Wednesday, July 6, 2016

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောဆိုမှု NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဖြေရှင်း မည်ဟု မဘသ ဆို


Myanmar Breaking New
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံတွင် မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) မလိုအပ်ဟု ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တွေ့ဆုံဖြေရှင်းမည်ဖြစ်ကြောင်း မဘသ(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ အရှင် တေဇနိယက မိန့်ကြားသည်။ ဇူလိုင်လ ပထမပတ်အတွင်း စင်ကာပူနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စင်ကာပူရောက် မြန်မာများတွေ့ဆုံရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံတွင် အစိုးရမှ တရားဝင်ဖွဲ့ စည်းခွင့်ပေးထားသော သံဃနာယကအဖွဲ့တည်ရှိခြင်းကြောင့် မ.ဘ.သ အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး မဘသ(ဗဟို) တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်မည်ဖြစ်ကာ ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း အရှင် တေဇနိယက မိန့်ဆိုသည်။
“အရင်က NLDခေါင်းဆောင်းတွေနဲ့ တွေ့စဉ်အခါ တစ်ဖက်နဲ့တစ်ဖက် သဘောထားတွေကွဲလွဲရင် နှစ်ဖက် တွေ့ ဆုံမယ်ဆိုတဲ့ မူဝါဒရှိထားတယ်” ဟု ၎င်းက မိန့် ကြားသည်။
ထို့အပြင် သံဃမဟာနာယက နှင့် မဘသ အဖွဲ့တို့သည် ညီနောင်အဖွဲ့ များသာဖြစ်ပြီး သာသနာတော်ပြန့်ပွား ရေး လုပ်ငန်းကိစ္စများကို လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကမိန့်ဆိုသည်။ ယင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ ထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။
အလားတူ ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် အရှင် တိလောကဘိဝံသ ထံသို့ NLD ပါတီမှ နာယကဦးတင်ဦး သွားရောက်ဖူးမြော်ခဲ့သည်။
ယင်းနောက် မဘသ နှင့် NLD ပါတီအကြား အမြင်ကွဲပြားခြင်း၊ သဘောထား ကွဲပြားမှုများကို တွေ့ဆုံဆွေးနွေး ခြင်းဖြင့် အဖြေရှာမည်ဖြစ်ကြောင်း မ.ဘ.သ အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဓာတုကလျာ

No comments: