Tuesday, July 5, 2016

KIA တပ်မဟာ ၃ နည်းဗျူဟာကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ တပ်မတော်ထံ အလင်းဝင် *** ======================================

**
KIA တပ်မဟာ၃ စစ်ဗျုဟာကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ ယခင် kia တပ်ရင်း၆ ရင်းမှူးဟာ ...KIA ၏ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို မနှစ်မြို့၍၎င်း...
နမ့်လင်းပါရွာနှင့် ကောင်းဂျာရွာအနီး တပ်မတော်နှင့် ထိတွေ့မှူ့ဖြစ်စဉ်တွေမှာ ဒေသခံတိုင်းရင်းသားများကို သတင်းပေးဟု
စွပ်စွဲပြီး သတ်ဖြတ် မုဒိမ်းကျင့်မှူ့အား ရွံရှာ၍၎င်း.,..
မူးယစ်ဆေးဝါးသယ်ဆောင်ပေးရန်တာဝန်ပေးစေခိုင်းမှူ့အား မနှစ်မြို့၍၎င်း....
မုန်းကိုးမြို့နယ် တပ်မတော်စစ်ကြောင်းတစ်ခုမှတဆင့် အလင်းဝင်ရောက်ခဲ့ပါသည်..ဗိုလ်မှူးကြီးနဲ့အတူ
အိုင်ကွန်စကားပြောစက်တစ်လုံး
ပစ္စတို တစ်လက်
၎င်းကျည် ၂၀ တောင့်
GPS တစ်ခု
သံလိုက်အိမ်မြှောင်တစ်ခု
တမဟ ၃ ဗန်းမော်ခရိုင်မြေပုံတစ်ခု နှင့်
အခြားအရေးကြီးစာရွက်စာတမ်း အချို့ပါရှိပါတယ်..
တပ်မဟာ၃ ဗျူဟာကွပ်ကဲရေးမှူးအား တပ်မတော်မှနွေးထွေးစွာကြိုဆိုခဲ့ကြောင်းသိရပါတယ်။

Credit: ရဲဗလ

No comments: