Tuesday, July 12, 2016
ရှမ်း ပြည် နယ်စည်ပင်မှသူခိုးဟောင်း ကြီးအကြောင်း _._.______.______.______._._
ကဲ ဒီ နေ့  တော့ တင် ပါ တော့ မယ်
ယာရေးဌာ န ကို 2000 ခုနှစ် ၀န်းကျင်မှာ ဗိုလ်
မှူး သောင်းစိန်နဲ့မိသားစု ဟာ ပဲခူး ကနေပြောင်း
ချိန်မှာ ဦးသောင်းစိန်ဟာ တောင်ကြီး မြို.နယ်စည်
ပင်မှာ အ မူဆောင်အရာ ရှိ  ဖြစ် ပြီး သူ့ ရဲ့  က
တော် ဒေါ်ကြည် မြင့် ကတော့ ရှမ်း ပြည်နယ်စည်
ပင် မှာ ငွေ စာရင်း ကိုင် ဖြစ် ပါ တယ်။
       ဦးသောင်းစိန်ဟာ မိန်းမလိုက်စား ရ တာ ၀ါ
သနာ ပါ သူ ဖြစ်ပြီး    တောင်ကြီး မ ရောက်မှီက
ပဲခူး မှာ မီးဖွားပြီး ခါစ အမျိုး သမီး ၀န် ထမ်းတစ်
ယောက် ကိုသူ့ ရုံး ခန်း ထဲခေါ်ပြီး သားပြောမယား
ပြော   ပြော လို့ အဲ့ သည်ဝန်ထမ်း က ငိုယို ပြီးရုံး
ခန်း အပြင် ကိုထွက် ပြေး လာ စဉ် မှာ ဒေါ်ကြည်
မြင့် က သူ့ ယောက်ကျား ကိုသိက္ခာ ချ ပါ တယ်
ဆို ပြီး ပါးရိုက် ခဲ့ တယ်လို့  ဗိုလ် မှူး သောင်းစိန်
တောင်ကြီး ရောက် တာ နဲ့ သူ့ရဲ့သတင်းကတန်း
ကပ်ပါ လာ တယ်လို့ သိရပါ တယ်။
        သူ့ ယောက်ကျားအကြောင်း ကိုသိတဲ့ဒေါ်
ကြည့်မြင့်ဟာ တောင် ကြီးရောက် တာ နဲ့အမိန့်
တစ်ခု ထုတ် ပါတယ်။ အဲ့သည်အမိန့် ကတော့
မိန်းခလေးဝန် ထမ်းများ သူ့ ယောက်ကျား ရုံးခန်း
ရှေ့မဖြတ်ရ။ သူ့ ယောက်ကျားက လိုအပ်လို့ခေါ်
လျှင် မိန်းခလေးတစ်ယောက် တည်းမ၀င် ရပါတဲ့
အဲ့ လိုအမိန့်ထုတ်လိုက်တော့သူ့ယောက်ကျား
က ငြိမ် သွား လား ဆို တော့ ညကို ယောက်ကျား
လေးဝန် ထမ်းတွေကိုရုံး တက်ခိုင်းပြီး ကျော် မိုးခိုင်
ယ ခု လား ရိုးမှာ E.E ဖြစ်နေသူကိုတာဝန်ပေးပြီး
မိန်းခလေးတွေ ရှာ ခိုင်း ခဲ့တယ်လို့ သိရပါတယ်။
         ထို စဉ်ကတည်း က စည်ပင်ဝန် ကြီးဗိုလ်မှူး
ကြီးသိန်း ညွှန့် တောင် ကြီးကို လာ ရင် ဒေါ်ကြည်
မြင့် ဟာ ၀န်ကြီး ကို  ကို ကို  လို့ ခေါ်ပြီး ရေ နွေး
ကြမ်း တိုက် တာ တောင် မှ စံပယ်ပန်း နဲ့လက္ဘက်
ခြောက် ကိုသေချာ နပ် ပေး ပြီး မှ ၀န်ကြီး ကိုသူ
ကိုယ် တိုင် တိုက် တယ်လို့ ပြောပါတယ်။ဝန်ကြီး
ဦးသိန်းညွှန့် ကိုလဲအဲသည်အချိန်ကတည်းကငွေ
ကိုပုံပြီး ကန်တော့တယ် လို့လဲသိရပါတယ်။
        အမှန် ကဦးသိန်း ညွှန့် နှင့် ပိုင်တာကဦး
သောင်းစိန်မဟုတ် ပဲဒေါ်ကြည်မြင့်ဖြစ်တယ်လို့သိ
ရပါတယ်။ဝန်ကြီးနဲ့ပိုင် တော့ စည်ပင်မှာလုပ်ချင်
တာ လုပ် ပါ တော့တယ်။ထိုစဉ်ကပြည်နယ်မှူး
အဖြစ် ဗိုလ်မှူး လှမြင့် ရှိပေမယ့် ဦးသောင်းစိန်
က ၀န်ကြီး အ ရှိန်နဲ့. ပြည် နယ်လက်အောက်က
မြို့နယ်မှာနေ ပြီး ပြည် နယ်မှူးကို တောင် ဂရုမ
စိုက်ပဲ လုပ် ချင်ရာ လုပ် အာဏာ ပို ရှိတယ်လို့ 
သိ ရ ပါတယ်။လုပ်ငန်းငွေ တွေ ထုတ်ချင်သလို
ထုတ်ပြီးဝန်ကြီး ကိုပေးတယ် ။ ကိုယ်ကျိုးအတွက်
သုံး ခဲ့ ပါတယ်။.အဲ့ သည်အချိန်များ က မြို့မသင်္ချိုင်း ယ ခုရဲ စခန်း လမ်း ဖြစ်တဲ့စိန်ပန်းရပ်
ကွက်ကလမ်း တွေ ကိုဆရာတော်တစ်ပါးကကမက
ထလုပ်ပြီး ကိုယ်ထူကိုယ်ထလမ်းတွေ ခင်း ခဲ့တာဖြစ်
ပြီး အဲ့သည်လမ်း တွေကို ဗိုလ်မှူး သောင်းစိန်က
ဘတ်ဂျတ်မှာ ထည့် ပြီး ငွေတွေ ကိုထုတ်ယူလို့
လက်ထောက် ညွှန်ကြားရေးမှူး ဗိုလ်ကြီးခင်မောင်
သန်း နှင် ပြသနာဖြစ်စကား များ ခဲ့ကြပြီး ခင်မောင်
သန်း ကိုအဝေးရွှေ့  ပစ်ဖို့ ဝန်ကြီး ဆီ ပြောပြီးအဝေး
ကို ရွှေ့ခိုင်း လိုက်ပါတယ်။ဒီလို ငွေထုတ်စားခဲ့တာ
တွေအများကြီး လို့ သိရပါတယ်။
          အဲ့သည်နောက်မှာတော့ ဗိုလ်မှူးသောင်းစိန်
ဟာ လော ဘတွေတက် ။အာဏာတွေ ပိုမက်မော
လာပြီး ၀န်ကြီးသိန်း ညွှန့်နှင့်ပေါင်း ကာ ပြည်နယ်
မှူး ဦးလှ မြင့်ကိုဖယ်ထုတ်လိုက်ပြီး   ပြည် နယ်နှင့်
မြို့နယ် နှစ် ခု စလုံးပူးတွဲ အုပ်ချုပ် ခဲ့ပါတယ်။စည်
ပင်ကို လဲသူ တို့ စိတ်ကြိုက် လုပ်ချင်တာလုပ်ပြီး
ငွေတွေ ကျိကျိတက်ချမ်းသာလာ ပါတော့တယ်။
ဘတ်ဂျတ် တွေ ပေါ်ကတရားမ၀င် ရာခိုင်နူန်းတွေ
အပြင် ဌာနငွေ တွေ ကို မတရားသဖြင့်ခိုးယူခဲ့ပါ
တယ်။မြို့ နယ် က သူ က ပဲလက်မှတ်ထိုး ငွေထုတ်
ခွင့်တင် ပြည် နယ်ကသူ့ မိန်းမငွေစာ ရင်းကိုင်က
စစ် ပြည်နယ်မှူး သူ ကပဲလက်မှတ် ထိုး ငွေထုတ်
ခွင့်ပြန်ချ မြို့ နယ် မှာ သူ ပဲ လက်မှတ် ထိုး ငွေထုတ်
ဆို တော့ စဉ်းစားသာ ကြည့်ပါတော့ ဗျာ။
       အဲသည်လို နေလာရင်း နဲ့ 2004-2005၀န်း
ကျင်မှာ ဗိုလ်ချုပ် ခင်ညွှန့်တို့ ပြသနာ အကြီးအ ကျယ်တက်တော့ မှ လန့်ဖျတ်ပြီး  မြို့ နယ်ကိုလက်
လွှတ် သူတို့ စိတ်ကြိုက် လုပ်လို့ ရမည့်သူ တစ်
ယောက် ကိုဝန်ကြီး သိန်း ညွှန့်ဆီတင်ပြခေါ်ယူပြီး
တော့ ဦးသောင်းစိန်ဟာ ပြည်နယ်မှူးအဖြစ်ဆက်
လက် လုပ်စား ပါတော့တယ်။ ဒေါ်ကြည်မြင့်ကိုလဲ
ပြည်နယ်စည်ပင်မှာ ငွေစာရင်း  A.D အဖြစ် ရာ
ထူး တိုး လိုက်ပြီး သူ့ ယောက်ကျားကို အ နီးကပ်
ကြီးကြပ်ပါတော့တယ်။ ဒီ မှာပြောစရာ ကျန်သွား
တာ က ဒေါ်ကြည်မြင့်ဟာ ဒု .ဦးစီးအမျိုးသမီးတစ်
ယောက် ကို လှတော့သူယောက်ကျား နဲ့စိတ်မချ
ပဲ အပြစ် ရှာ ပြီးရာထူးချလို့ ကလော ကိုပို့လိုက်
တယ် လို့သိရပါတယ်။နောက်ပြီးသူ့ သားကစိတ်
ဝင်စားနေတဲ့စာရေး မလေးကို လဲအဝေးကိုပို့လိုက်
ပါသေးတယ်။
        အများကြီးရေး ရင် လဲကုန်မှာမဟုတ်တဲ့အ
တွက် ခိုးတဲ့ကိစ္စပဲ အဓိကရေး ပေးပါမယ်။
2002 ခုနှစ်ကနေစခိုးလာတာဖြစ်ပြီး တောင်ကြီး
မြို့ထဲ  မှာ မြေကွက်တွေ အိမ်တွေ မြောက်များစွာ
ဝယ်ယူ ပိုင်ဆိုင် ခဲ့ပါ တယ်။
     အနောက်မြို့ပတ်လမ်း သန္တိသုခဘုန်းကြီး
ကျောင်း နဲ့ ပညာရောင်ခြည် ကိုယ် ပိုင်ကျောင်း
ဘေးကအိမ်ကို ယခင်စည်ပင်မှအင်ဂျင်နီယာ မြ
ဝင်းကတာ ၀န်ယူဆောက်ပေးခဲ့ပါတယ်။ ယ ခု
လက်ရှိ ဒေါ်ကြည်မြင့်နေထိုင်နေတာဖြစ်ပါတယ်။
ဦးသောင်းစိန်ဟာ  စည်ပင်က ပြည်သူပိုင်ငွေတွေ
ကိုအကြီး အကျယ် ခိုးခဲ့ ပေမဲ့ခုနပြောတဲ့အိမ်မှာတစ်
ညတောင်မအိပ်လိုက် ရ ပါဘူး။ ဘာလို့ လဲဆိုတော့
သူတို့ မိသားစုဟာ လောဘတွေတက်ပြီး စည်ပင်
က ငွေတွေကို ခိုးနေပေမယ့် အိမ်မှာ ဟင်းချက်ဖို့
လူတောင်မ ရှိ ပါဘူး သူယောက်ကျားနဲ့စိတ်မချလို့
အိမ်ဖော်လဲ မခေါ်ထားပါဘူး  အဲ့တော့တစ်နေကုန်
ရံုးတက် ညနေပြန်လာ အကြော် ၀ယ်စား ရှိတာနဲ့
ဖြစ်သလိုကျွေး  တော့ ဦးသောင်းစိန်ကို သေစေဖို့
ဖြစ်လာတယ် လို့ပြောရမှာ ပါ ပဲ။ သိမ်တောင်
ကျောင်းဆရာတော်မွေး နေပွဲ မှာ ၀က်သားဆီပြန်
ဟင်းနဲ့ကျွေး တော့ အိမ်မှာ ကောင်း ကောင်းမစား
ရတဲ့သူ ကစားပြီပေါ့ဗျာ    အဲ့ မှာ ၀က်သား  ၅ တုံး
လောက်စားပြီး ပြန် လာ ရုံး ရောက်တော့ အသက်
ရူကြပ်  မန္တလာ ဆေးရုံ ကိုပို့ ကတင်ပေါ်တင်ပြီးထဲ
ကပြန်မထနိုင် ပဲအသက် ထွက်သွားတာ 2007ခု
နှစ်ဖြစ်ပါတယ်တဲ့။
       သူမသေခင်သူသမီးအကြီးသန္တာသောင်းစိန်ကို မြို့နယ်စည်ပင်မှာခန့်ရာထူးတွေ အမြန်တိုးပေး ။
သူ့ သားရဲ ကြည်မြင့်ကို ခန့်  တောင်ကြီးစည်ပင်
မှာ မြို့ပြလုပ်ငန်းအားလုံးသူ့ သမီးလုပ်။ကျေးလက်
လုပ်ငန်းမှန်သမျှသူ့သား လုပ် ကျန်တဲ့အင်ဂျင်နီ
ယာတွေက သူ တို့ မလုပ်ချင်လို့ ခွဲပေးတဲ့အလုပ်
မှလုပ်ကြရတာ ယနေ့အထိပါပဲ။
     ပြီးတော့ ပြည်နယ်စည်ပင်မှာ ငွေစာရင်းကိုင်
နော်ဂျုး လီးယက်။C.E ဦးစိုးသန်း။မြို့နယ်မှာD.D
ဦးအေးကို ။ဈေး မှာ ဈေး ခေါင်းခင်အေး  ။ပြည်နယ်မှာ E.E အေးခိုင်စိုးတို့ ကို ဒေါ်ကြည်မြင့်
က၀န်ကြီး ဦးသိန်း ညွှန့်ကို ပြော ပေးထားလို့ အ
ကြာကြီးနေရတာဖြစ်ပြီး ကောင်းစားနေကြလို့ အခါ
ကြီးရက်ကြီးတိုင်း သူ့ ကို သွားကန်တော့နေရတယ်
လို့ သိရ ပါ တယ် ။ပြီးတော့မြေကွက်တွေ အိမ်တွေ
ကိုဒေါ်ကြည်မြင့်ရဲ့အမဒေါ်စိုးစိုး နာမည်ခံပြီးဝယ်
ထားပြီး သူ တို့ ချင်း စာ ချုပ် ပြန် လုပ်ထားကြတယ်
လို့သိရပါတယ်။
       သူတို့ကြီးစိုး နေ တာ တွေကို အ ကျဉ်းချုပ်
တင် ပြပါ မယ်
မြို့  နယ် မှာ အင်ဂျင်နီယာမှူး ကသူ့သမီး
သန္တာသောင်းစိန်
သူ သား ရဲကြည်မြင့်က မြို့နယ်စည်ပင် မှာပဲလုပ်
ငန်းကောင်းမှန်သမျှ လုပ် ရ တဲ့ အင် ဂျင်နီယာ
သူ့ အမေ ဒေါ်ကြည်မြင့်က မြို့နယ်စည်ပင်က
ကော်မတီ
သူ့ သားမက်ညီညီသန့်ရှမ်း တောင် C.E
သူ့ သမီးငယ်သီတာ သောင်းစိန်ကပြည်နယ်
မှာ ကွန်ပြူတာ ကိုင်။
ဈေး မှာ ဈေး ခေါင်းက သူတပည့် ဗိုလ် မှူးသောင်း
စိန် အပေါက်စောင့် ခင်အေး
သူ့ အမစိုးစိုးကဈေး ကော်မတီဥက္ကဌ ပြီးတော့ငွေ
တွေထားစရာ မရှိလို့ ဈေး ပေါ်မှာ ရွှေ ရုပ်လွှာ
ဆို ပြီး ဆိုင်အကြီး ကြီးဖွင့် ဆိုင်ခန်းရှင်တွေကို
တစ်ကျပ်တိုး နဲ့ဆိုင်းခန်းစာချုပ်ယူငွေချေးပေး
ငွေတိုးပေးစား
     ပြည်သူ ပိုင် ငွေတွေ မတရားခိုးပြီးခြင်္သေ့
နှစ်ကောင်ကျောင်းမှာ သိန်း ပေါင်းများ စွာကုန်
တဲ့အဆောက်အဦးလှူ
စက်မူ့ဇုန် ဗဟို လမ်းမှာမြေကွက်  ၂၀ ကွက်
တောင်ကြီး မြို့ မိန်လမ်းဘေး မှာ အိမ် ၇ လံုး
ဆောက် လုပ် ရေး ရုံး အနောက် ဖက်ရှိယခင်
စိန်ပန်းပြာ ကဖေး  အပါ အ၀င်
ပညာ့ရောင်ခြည်ကိုယ်ပိုင်ကျောင်းဘေး မှ အိမ်
ကန်ကြီး မှာ မြေကွက် များ စွာ ၀ယ်ယူထား
မြို့မဈေးအပေါ်ထပ် မှာ ရွှေ ရုပ်လွှာအပါအ၀င်ဆိုင်
ခန်းများစွာ
ယခုဆောက် လုပ်နေသော ဈေး သစ် တွင် လဲဆိုင်
ခန်းများစွာ ပိုင် သည်။ မှတ် ချက်။    ။ဆိုင် ခန်းများ
အား ဦးသောင်းစိန်ရှိ စဉ် ကတည်း ကလွတ်
နေသောဆိုင်ခန်းများ အားမိသားစုပိုင်အဖြစ်အမည်
ပြောင်း သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရပါသည်။
နားယောင်းရေထွက် အနီးတွင်လဲ မြေကွက်များစွာ
ဝယ်ယူ ထား ပါသေးသည်။
ယ ခုထိမိသားစုစည်ပင်ဖြစ်နေခြင်းမှာ ဒေါ်ကြည်
မြင့်အားယခင်စည်ပင်ဝန်ကြီးဟောင်းဦးသိန်းညွှန့်
မှ စောင့်ရှောက် ထား ပြီး လာသမျှ ညွှန်မှူးများမှာ
ခု ဦး သိန်းညွှန့်၏တပည့် ဟောင်း များ ဖြစ်သော
ကြောင့်ဒေါ်ကြည်မြင့်အား သွားပင် ကန်တော့နေ
ရ ကြောင်း   2000 ခုနှစ်မှစ၍ ယနေ့အထိ ရှမ်း
စည်ပင် တွင် ကြီးစိုး ဤပြည်သူ့ဘဏ္ဍာခိုးနေသူ
များအကြောင်း ဖော် ထုတ်တင်ပြလိုက်ပါသည်။
အမှန် ပြောသူ။
မူးရင်း https://m.facebook.com/story.php?story_fbid=302248083498418&id=100011396869412
No comments: