ရွှေဝါရောင်အရေးအခင်းတုန်းက မဘသ ဘာလုပ်နေလဲ" တဲ့ ..
"လက်ပံတောင်းမှာ သံဃာတွေမီးလောင်ဗုံးနဲ့ထုခံရတော့ မဘသ
ဘယ်ရောက်နေလဲ" တဲ့ ..
"သန္တိသုခကျောင်းတိုက်ကိုဝင်စီး ဆရာတော်တွေကို လူဝတ်လဲပြီး
ထောင်ထဲထည့်တုန်းက မဘသ ဘယ်ရောက်နေလဲ" တဲ့ ..
"ဒါကြောင့် အမျိုးသားရေးဗန်းပြ အာဏာရှင်လက်ကိုင်တုတ် မဘသကို
မလိုအပ်ဘူး။ မဟန ရှိရင် သာသနာအတွက် လုံလောက်ပြီ" တဲ့ ..
အူကြောင်ကြောင် ပေါတောတော စကားတွေနဲ့ အသံကောင်းဟစ်
နေတဲ့ ငတုံးတွေသိအောင် ပြောပြမယ် ..
၂၀၀၇ ရွှေဝါရောင်အရေးအခင်းတုန်းက "မဘသ"အဖွဲ့အစည်း
မပေါ်ပေါက်သေးဘူး .. အဲ့ဒီ့အချိန်ကတည်းက "မဟန"တော့
ရှိခဲ့တယ် .. ဒါကြောင့် မေးခွန်းထုတ်ချင်ရင် "မဟန ဘာလုပ်
နေလဲ"လို့ မေးပါ ..
၂၀၁၂ လက်ပံတောင်းမှာ သံဃာတွေ မီးလောင်ဗုံးနဲ့ထုခံရချိန်မှာ
"မဘသ" မပေါ်ပေါက်သေးဘူး .. ဒါကြောင့် မေးခွန်းထုတ်ချင်ရင်
"မဟန ဘယ်ရောက်နေလဲ"လို့ မေးခွန်းထုတ်ပါ .. "မဘသ" က
၂၀၁၃ ခုနှစ်မှ စတင်ဖွဲ့စည်းလိုက်တာပါ ..
သန္တိသုခကျောင်းတိုက်ကို ဝင်စီးပြီး လန်ဒန်ဆရာတော်ကို လူဝတ်လဲ
ထောင်ချခဲ့တာ "မဟန"က သံဃာတွေကိုယ်တိုင် ဦးဆောင်ပြီး ဝင်စီး
ခဲ့တာပါ .. ရဲတပ်ဖွဲ့က ကျောင်းတိုက်အပြင်က ဝန်းရံစောင့်ရှောက်ပေး
ဖို့သာ ပါဝင်ခဲ့ပါတယ် ..
"လန်ဒန်ဆရာတော်ကို ထောင်က ပြန်မလွှတ်ပေးရင် သူလည်း
ထောင်ထဲလိုက်ဝင်မယ်" ဆိုပြီး တကိုယ်တော်ကြွေးကြော်တောင်းဆို
ဖိအားပေးခဲ့သူက "မဘသ"ဆရာတော် ဦးဝီရသူ ဖြစ်ပါတယ် ..
ခုနှစ်နဲ့ဖြစ်စဉ်တွေ သေချာကျက်ထားပါ
နောက်နောင် အပုပ်ချချင်ရင် ယုတ္တိတန်အောင် အပုပ်ချပါ ..
No comments:
Post a Comment