Saturday, July 16, 2016

ကိုရင်က တစ်ဖက်သတ်အစွန်းရောက်ပြီး အစ္စလာမ်ဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါ

ကိုရင်က တစ်ဖက်သတ်အစွန်းရောက်ပြီး အစ္စလာမ်ဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါ။
အားနည်းချက်တွေရှိတာချင်းအတူတူ ဘက်မျှအောင် မဆောင်ရွက်နိုင်တဲ့ လက်ရှိအစိုးရရဲ့လုပ်ကွက်ကို ထောက်ပြပေးရုံသက်သက်ပါ။
မဘသမှာ ဦးဆောင်ဆရာတော်တွေရဲ့လုပ်ဆောင်မှု ဖွဲ့စည်းဆောင်ရွက်မှုတွေက အပြစ်ဆိုစရာမရှိပေမယ့် အောက်ခြေ အမှားအယွင်းအနည်းငယ်ကို ပုံကြီးချဲ့ပုတ်ခတ်နေလွန်းတယ်။
အစ္စလာမ်ဘာသာရဲ့ ဘယ်လိုမှ ငြင်းမရတဲ့ အမုန်းတရားဝါဒကြီးကိုတော့ ဘာလေသံမှ မဟဘဲ ရေငုံနုတ်ပိတ်နေတာဟာ အလွန်ထူးဆန်းပြီး တစ်ဖက်သန်ဆန်လွန်းနေလို့ မီးမောင်းထိုးပြနေရုံသက်သက်ပါ။
လစ်ဘရယ်ဝါဒကြီးနဲ့ ပြည်သူတွေရဲ့နှလုံးစိတ်ဝမ်းကို မငြိမ်းချမ်းအောင် လုပ်တာလည်း အုပ်ချုပ်မင်းလုပ်နေတဲ့ လူကြီးတွေအတွက် စင်းလုံးချော ကောင်းလာစရာမရှိဘူးဆိုတာကို ဥပမာပြပေးရုံသက်သက်ပါ။
ဟုတ်ကဲ့ ကိုရင်ဟာ မြန်မာပြည်ထဲက ပြည်သားတစ်ယောက်ပါ။ အလ္လာကိုမယုံတဲ့ သွေဖီသူ ကာဖိရ်တစ်ယောက်ပါ။
ကိုရင်လူထွက် ငပိချက်

No comments: