Sunday, July 3, 2016

အင်းတော်မြို့မှမူးယစ်ဆေးစွဲ ဆိုင်ကယ်ခိုးသူများဖမ်းမိ

အင်းတော်မြို့မရဲစခန်းမှနယ်ထိန်း
ဒုရဲအုပ်သူရအောက်၊ဒုတပ်ကြပ်
ဟန်လင်းအောင်၊တပ်သားဝင်းကို
တို့ဟာ၂.၇.၂၀၁၆နေ့၂း၃၀အချိန်ကအင်းတော်မြို့နယ်၊အောင်း
ကုန်းရွာဘက်ကနေအင်းတော်မြို့
ကိုမောင်းလာတဲ့ဆိုင်ကယ်ကိုမ
သင်္ကာလို့စစ်ဆေးရာမှာဇင်ထက်ရှိုင်း
နဲ့မင်းပြည့်စုံထွန်းတို့ထံမှဆေးထိုး
အပ်နဲ့ဘိန်းဖြူသုံးထားတဲ့ပုလင်းကို
တွေ့ရှိသလိုဇင်ထက်ရှိုင်းထံမှဓား
မြှောင်ကိုသိမ်းမိတယ်လို့သိရပါတယ်
ဆိုင်ကယ်ခိုးရာမှာအသုံးပြုတဲ့
ကျောက်လှည့်၊သော့တွေပါသိမ်းမိလို့
ဆက်လက်စုံစမ်းတဲ့အခါဆိုင်ကယ်ခိုး
မှုတွေပါဆက်စပ်ဖော်ထုတ်နိုင်ခဲ့ပါ
တယ်။ခိုးယူတဲ့ဆိုင်ကယ်တွေကို
ကသာရပ်ကွက်၁၀ကသက်နိုင်ထွန်း
ထံရောင်းချခဲ့လို့အခုဆိုင်ကယ်၈စီး
ကိုလိုက်လံသိမ်းဆည်းနေတယ်လို့သိရပါတယ်။သူတို့နဲ့အတူကျူးလွန်
ခဲ့တဲ့သော်ဇင်ဝင်း။အောင်မေတ္တာရပ်
ကွက်။အင်းတော်မြို့ကိုလည်းဖမ်း
ထားပါပြီ။
အခုကျူးလွန်ကြတဲ့လူငယ်တွေဟာ
အသက်၁၈၊၂၀၊၂၁နှစ်အရွယ်တွေ
ပါ။မူးယစ်ဆေးကြောင့်ဒုစရိုက်မှု
တွေကျူးလွန်ကြသူဖြစ်နေပါတယ်။
ဇင်ထက်ရှိုင်း၂၁နှစ်ဆိုခိုးမှုနဲ့ထောင်
ကျရာမှရဲဘက်ပြေးဖြစ်တယ်လို့သိ
ရပါတယ်။

No comments: