ဇူလိုင်လ ၂၅ ။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့အပါအဝင် လုံးခင်း ၊ဆိုင်းတောင် (ဆိပ်မူ) နဲ့ ဥရုချောင်းရိုးတစ်လျှောက်က မှော်ရွာအချို့ ဥရုချောင်း လျှံတက်မှုကြောင့် ရေနစ်မြုမ်နေပါသည် ။
ဖားကန့်မြို့ရှိ ငှက်ပျောတောရပ်ကွက် နှင့် မြို့မ ရပ်ကွက်တွေဟာ ဆိုးဆိုးရွားရွား ရေနစ်မြုပ်နေရပြီး လူအသေအပျောက်တော့ မရှိသေးဘူးလို့ သိရပါသည် ။
ယခုလို ဥရုချောင်းရေ လျှံတက်ရတာဟာ မိုးများခြင်းကြောင့်မဟုတ်ပဲ ဥရုချောင်းအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများက စွန့်ပစ်မြေစာသွန်ချမှုကြောင့် ချောင်းကောပြီး ရေစီးရေလာ ၈၀ရာခိုင်နှုန်းလောက်ပျက်စီးခြင်းကြောင့်လို့  သိရပါသည် ။
ယခုရေးကြီးရေလျှံမှုတွေကို ၂၀၀၄ ခုနှစ်လောက်ကတည်းက ဖြစ်ပေါ်နေပြီး ယနေ့အချိန်ထိ ရေကြီးရေလျှံခြင်းကို ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသေးပါ ။
Hpar Kant News - ဖားကန့် သတင်း
No comments:
Post a Comment