Saturday, July 2, 2016

ကန်ဒေါ်လာနှင့် ယွမ်ငွေ ရက်ပိုင်း အတွင်း ဈေးကျ

ကမ္ဘာ့ရွှေဈေးမြင့်တက်မှု ကြောင့် ပြည်တွင်းဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းလာကြောင်း ပြည်တွင်း စီးပွားရေး  လုပ်ငန်းရှင်များက ပြောသည်။
ဥရောပသမဂ္ဂအဖွဲ့မှ ဗြိတိန် ခွဲထွက်ပြီးနောက် စတာလင်ပေါင် တန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေသည်။ ကမ္ဘာ့ရွှေဈေးသည် စတာလင် ပေါင် တန်ဖိုးမကျမီက တစ်အောင် စလျှင် အမေရိကန်  ဒေါ်လာ ၁,၂၇၀ ခန့်မှ ဇူလိုင် ၁ ရက်၌ တစ် အောင်စလျှင် ၁,၃၃၂ ဒေါ်လာ သို့ မြင့်တက်လာသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာ မှုကြောင့် ပြည်တွင်း ရွှေဈေးမှာ လည်း တစ်ကျပ်သားလျှင် ကျပ် ၃၀,၀၀၀ ကျော် မြင့်တက်လာ သည်။ စတာလင်ပေါင် တန်ဖိုး မကျမီက တစ်ကျပ်သားလျှင် ကျပ် ၇၉၀,၀၀၀ အောက်တွင်သာ ရှိခဲ့သော ပြည်တွင်းရွှေဈေးသည် ဇူလိုင် ၁ ရက်၌ ကျပ် ၈၂၂,၀၀၀ သို့ မြင့်တက်လာသည်။
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည် တွင်း ရွှေဈေးနှုန်း မြင့်တက်လာမှု ကြောင့် ကျပ်ငွေတန်ဖိုးပါ မြင့် တက်လာသည်။
‘‘မြန်မာငွေမာလာတာ ဒီအ ချိန်မှာတော့ ပြဿနာသိပ်မရှိနိုင် ဘူး။ ပို့ကုန်ရာသီမဟုတ်တော့ ခံ သာပါတယ်’’ဟု ပြည်ပသို့ ဆန် တင်ပို့သည့် လုပ်ငန်းရှင် ဦးမျိုးသူ ရအေးက ပြောသည်။
ဇွန်လ ၂၉ ရက်တွင် အမေရိ ကန် တစ်ဒေါ်လာလျှင် ၁,၁၈၅ ကျပ်၊ တရုတ်ငွေ တစ်ယွမ်လျှင် ၁၈၀ ကျပ်မှ ဇူလိုင် ၁ ရက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၁၇၅ ကျပ်နှင့် တရုတ်ငွေတစ် ယွမ်လျှင် ၁၇၅ ကျပ်သို့ ကျဆင်း လာခဲ့သည်။
ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းသကဲ့သို့ ဗဟိုဘဏ်က တရားဝင် သတ်မှတ်သော ရည်ညွှန်းငွေလဲ နှုန်းမှာ တစ်ဒေါ်လာ ၁,၁၈၂ ကျပ် မှ ၁,၁၇၉ ကျပ်သို့ လျှော့ချခဲ့ သည်။ ဒေါ်လာတန်ဖိုး ကျဆင်း လာသော်လည်း ပြင်ပငွေလဲလုပ် ငန်းတွင် အရောင်းအ၀ယ်အေးနေ ကြောင်း ပြင်ပငွေလဲလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။

No comments: