Sunday, July 3, 2016

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ရန္ထြက္ခြာ


ေနျပည္ေတာ္၊ ဇူလိုင္ ၂

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ရန္အတြက္ ယေန႔နံနက္ ၈ နာရီ ၁၅ မိနစ္တြင္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ေလေၾကာင္းခရီးျဖင့္ထြက္ခြာရာ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္မ်ဳိးေဇာ္သိန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ ႐ုရွားႏုိင္ငံစစ္သံ႐ုံးမွ တာ၀န္ရွိသူတို႔က ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္ႏွင့္ တပ္မေတာ္(ေလ)မွ အရာရွိႀကီးသံုးဦးတို႔ လုိက္ပါသြားၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန်ထွက်ခွာ

နေပြည်တော်၊ ဇူလိုင် ၂

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန်အတွက် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံရုံးမှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးသုံးဦးတို့ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး  စာမ်က္နွာ မွ ကူးယူေဖါ ္ျပ ပါသည္ ။

No comments: