ဘတ်ဂျတ်ဆိုတာ သုံးမယ့်ငွေစားရင်းပါခင်ဗျ...။ ဆိုလိုတာက ဘတ်ဂျတ်ဆိုတာ ရှိထားပြီးတဲ့ ပိုက်ဆံပေါ်မူတည်ပြီးဆွဲရတယ်ဆိုတာကတော့ သာမန် ဘဏ္ဍာရေးနားလည်တဲ့သူတိုင်းသိထားတဲ့အခြေခံလေးပါခင်ဗျ။ ပိုက်ဆံမရှိဘဲ ဘတ်ဂျတ်ဆွဲတာ တခါမှတော့ မကြားဘူးသေးဘူးသလို...ဆွဲလို့လည်းမရပါဘူး..။ ကမ္ဘာပေါ်မှာလည်း တခါမှမရှိလောက်သေးဘူး...ထင်တယ်ဗျာ...။ ငွေမရှိဘဲနဲ့ ဘတ်ဂျတ် တကယ်ဆွဲနိုင်တယ်ဆိုရင်တော့လည်း တကယ့် မဟာ့မဟာ ဥာဏ်ကြီးရှင်ဘဲ..ဗျို့.... အဲ့လိုဆွဲလို့ရတယ်ဆိုရင် ဆရာတင်ပါ့မယ်..ဗျာ. တပည့်ခံပါရစေ..။ ထပ်ပြောရရင် ရည်မှန်းထားတဲ့ လုပ်ငန်းစဉ်တစ်ခုအတွက် ဘတ်ဂျတ်ရှိတယ်ဆိုတာ အဲ့ဒီအတွက် သုံးဖို့ငွေရှိတာကိုပြောတာပါ.။ ဘတ်ဂျတ်မရှိဘူးဆိုတာ သုံးမယ့်ငွေမရှိဘူးလို့ပြောတာပါခင်ဗျ..။ အစိုးရတစ်ခုရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဘယ်လောက်ကောင်းလဲဆိုတာကတော့ ဘတ်ဂျတ်ချထားတဲ့ငွေကို ဘယ်လောက်ထိ အထိရောက်ဆုံးသုံးနိုင်သလဲဆိုတာရယ်.. ဘယ်လို ကဏ္ဍတွေကို ဘတ်ဂျတ်ချပြီးသုံးနေတယ်ဆိုတာတွေနဲ့ ဆန်းစစ်ရပါတယ်ခင်ဗျ..။ ကျန်တာတွေရေးရရင်အရှည်ကြီးဖြစ်မှာဆိုလို့ မရေးတော့ပါဘူး..။
thitsar thitsar
No comments:
Post a Comment