Saturday, July 9, 2016

မဘသ ရှိဖို့မရှိဖို့ဆိုတာထက် "မဘသအဖွဲ့ မလိုအပ်ဘူး" လို့ပြောလိုက်တဲ့ ဦးဖြိုးမင်းသိန်းကိုဘဲ ဒီစကားလေးပြောချင်မိပါတယ်


ဦးဖြိုးမင်းသိန်းခင်ဗျား....
ခုချိန်မှာ မဘသ ရှိဖို့မရှိဖို့ထက် နိုင်ငံတော်တိုးတက်ရေးအတွက် တခြားလုပ်ကိုင်စရာတွေအများကြီးရှိနေပါတယ်။ ပြီးတော့ မဘသ ဟာဘာသာရေးအခြေခံဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် မဘသ ရှိသင့်မရှိသင့်ဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်တဲ့ သာသနာရေးဝန်ကြီးဌာနကသာ ပြောကြားလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိတယ်လို့ထင်မြင်မိပါတယ်။ကျနော်ဟာ ဘုရားနဲ့သံဃာစစ်တခုတည်းကိုသာကိုးကွယ်စည်းကပ်တဲ့သူပါ။ ဘုရား၊တရား၊သံဃာ(သံဃာစစ်စစ်) မှလွဲလို့မည်သည့်အဖွဲ့အစည်းကိုမှ အားပေးကိုးကွယ်ခြင်းမရှိပါ။

ဦးဖြိုးမင်းသိန်းခင်ဗျာ...
ကျနော်တို့ လူမျိုးဟာ အခြင်းခြင်းတဖက်နဲ့တဖက် အမြဲအပြစ်တင်ပြောဆိုလေ့ရှိကြပြီး စည်းလုံးမှုပြိုကွဲလွယ်တတ်တယ်ဆိုတာ ဦးဖြိုးမင်းသိန်းသိစေချင်ပါတယ်။ အခုလည်းမကြာမှီက ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့ စကားလေးတခွန်းကြောင့် ကို့လူမျိုးအခြင်းခြင်းစိတ်ဝမ်းကွဲကြပြီး တဖက်နဲ့တဖက် ပြစ်တင်ပြောဆိုမှုများပြုလုပ်နေကြတာကို စိတ်မကောင်းစွာတွေ့ရှိနေရပါတယ်။ကျနော်မျော်လင့်ထားခဲ့တာက အစိုးရသစ်တတ်လာပြီးနောက်ပိုင်း နိုင်ငံတိုးတတ်ရေးတွေကို အဓိကဦးစားပေးဆောင်ရွက်ပြီး ပြည်သူလုထုနဲ့အဖွဲ့အစည်းမှန်သမျှကို စည်းရုံးပြီး အကောင်းဆုံးဦးဆောင်သွားမဲ့ အခြေအနေတွေကိုမျှော်လင့်နေမိတာပါ။

အခု အန်တီဦးဆောင်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ တချိန်က အန်တီအပေါ်အပြစ်လုပ်ခဲ့တဲ့သူတွေကိုတောင် စည်းရုံးပြီး နိုင်ငံတိုးတတ်ရေးအတွက်လက်တွဲလုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဦးဖြိုးမင်းသိန်းအနေနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမှတာဝန်ရှိပုဂ္ဂိုလ်များသာ ပြောဆိုဆောသ်ရွက်သင့်သည့် ထိလွယ်ရှလွယ်ဖြစ်တဲ့ ပြောဆိုလုပ်ကိုင်မှုမျိုးကို Regional Chief Minister တယောက်သာဖြစ်တဲ့ ဦးဖြိုးမင်းသိန်းအနေနဲ့ ပြောဆိုခဲ့တာဟာ ပြည်ထောင်စုအစိုးရအဖွဲ့သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကို များစွာထိခိုက်စေနိုင်တယ်လို့ထင်မြင်မိပါတယ်။

ဦးဖြိုးမင်းသိန်းအနေနဲ့ဒေသတခုရဲ့ဝန်ကြီးချုပ်ဖြစ်ပြီး ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များဆောင်ရွက်ရမဲ့ကိစ္စများကို ဆောင်ရွက်ဖို့လုပ်ခဲ့တာတွေဟာ မဘသ ကိစ္စတခုထဲမဟုတ်ပါဘူးး။ မကြာသေးမှီကာလကဘဲ တာဝန်ရှိတဲ့ (ပြည်ထောင်စုအဆင့်) စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဆောင်ရွက်လုပ်ပိုင်ခွင့်ဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိပြီးကားများကိစ္စကိုလည်း ဦးဖြိုးမင်းသိန်းအနေနဲ့ဝင်ပြောခဲ့တဲ့အတွက် ကားလောကမှာလည်းရိုက်ခက်မှုများစွာကြုံတွေ့ခဲ့ရပါသေးတယ်။

ဦးဖြိုးမင်းသိန်းခင်ဗျား...
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဦးဖြိုးမင်းသိန်းအနေနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသာ ပြောဆိုလုပ်ပိုင်ခွင့်ရှိသည့် ကိစ္စများအပေါ် ဝင်ရောက်ပြောဆိုလုပ်ကိုင်နေချင်းထက် ရန်ကုန်မြို့နေအခြေခံပြည်သူများ အလုပ်အကိုင်ရရှိရေး၊အလယ်အလတ်လူတန်းစားများ စီးပွားရေးအလုပ်အကိုင်များ တိုးတက်ဖန်တီးလုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကိုထောက်ပံ့ကူညီပေးရေး၊ ရန်ကုန်မြို့နေပြည်သူများ မိုးရာသီမှာခံစားနေရတဲ့ ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးများအပါအဝင် လမ်းမများ၌ လှေစီးလို့ရသည်အထိ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကိုဖြေရှင်းရေး၊ စသည့်အချက်များကိုသာ အရင်ဆုံးပြေလည်အောင်ဖြေရှင်းစေချင်ပါတယ်ခင်ဗျားး

သမ္မတကြီးဦးထင်ကျော်နဲ့အန်တီဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံသားများစည်းလုံးညီညွတ်စွာဖြင့်နိုင်ငံတော်ကြီးတိုးတတ်အောင်ဆောင်ရွက်နိုင်ကြရန်မျှော်လင့်လျက်...

✍ကြည်သာဟန်

No comments: