Saturday, July 16, 2016

လက်ပံတောင်းတောင်ဒေ သ ရေကြီး သီးနှံတွေပျက်စီး


 

လက်ပံတောင်းဒေသ တုံရွာသစ်က အင်းရှင်ပင်ဘုရားနဲ့ ချင်းတွင်းမြစ်ရေကြီးနေမှုကို ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကိုဦး (facebook)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက ရွာ ၅ ရွာ ရေကြီးနေပြီး ပဲ၊ နှမ်းတွေပျက်စီးကုန်တယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာစီးဆင်းတဲ့ ရွှေလှေချောင်းကို ဝမ်ပေါင်ကုမ္ပဏီက ပိတ်လိုက်တဲ့နောက်ပိုင်း၊ ပုံမှန်စီးရမယ့် ချောင်းရေ မစီးနိုင်တော့ပဲ ဘေးတွေပြန့်ထွက်ပြီး ရွာနဲ့ လယ်ခင်းတွေကို ရေလွှမ်းတာဖြစ်တယ်လို့ ရေဘေးသွားကူခဲ့ တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

"အဓိက ရေကြီးတာက ချင်းတွင်းမြစ်ရေက ခါတိုင်းဆိုရင် ရွှေလှေချောင်းကနေပြီးတော့ အင်းထဲစီးသွားတာ ရှိတယ်ပေါ့နော်၊ အခုကအဲ့ထိပ်မှာ ဝမ်ပေါင်ကပိတ်ထားတဲ့အခါကျတော့ ရေစီးလို့မရဘူး၊ ရေမစီးတော့ ပဲနဲ့ ရေတွေကဒီဘက်ပဲ ပြန်များလာတာပေါ့ အဲ့လိုမျိုးတွေရှိတယ်၊ တုံရွာသစ်ဆိုရင် တစ်ရွာလုံးမြုပ်တယ်၊ ဒီကတော့ ပေါင်လယ်လောက်ရောက်တယ်၊ တချို့အိမ်အောက်ထပ်ဆိုရင် မြုပ်ကုန်တာပေါ့နော်"


တုံရွာသစ်၊ တောကျောင်း၊ ရွှေလှေ၊ အလယ်တော စတဲ့ရွာတွေမှာ ရေဝင်ပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၈ ရက်နေ့လောက်က စဝင်လာတဲ့ရေဟာ မနေ့က ၁၄ ရက်နေ့လောက်မှာမှ တန့်သွားခဲ့တယ်လို့ ပြောပါတယ်။

RFA Burmese

No comments: